ဟန်ဘင်းငေးကြည့်နေတုန်းမျက်ေတာင်တိုတိုစိပ်စိပ်လေးတွေကတဖြေးဖြေးလှုပ်ရှားလာကာအိပ်ထားတာမို့အလင်းရောင်ကိုအံတုဖို့ကြိုးစားေနလေရဲ့။
ဘေးကဟန်ဘင်းကိုလည်းမြင်ရော"နိုးနေပြီလား။သက်သာလား ဟန်ဘင်း။ခေါင်းရောကိုက်သေးလား"
အပြောနဲ့အတူလက်ကပါသူ့နဖူးပေါ်သို့ရောက်လာေလသည်။
သူကောကိုအဆုံးရှုံးမခံနိုင်တဲ့အကြောင်းအရင်းတွေထဲကတစ်ခုက ကောကသူ့အေပါ်ဆို
ညီေလးအရင်းတစ်ေယာက်လိုအရမ်းဂရုစိုက်သည်။
ရစ်ကီကိုတောင်သူ့လောက်ဂရုမစိုက်။အခုလိုမျိုးသူဖျားနေတဲ့အချိန်တွေဆိုရင်သူ့ဆန္ဒအတိုင်းဘယ်မှမသွားဘဲဘေးမှာနေပြီးလိုအပ်သည်များကိုလုပ်ပေးတတ်သည်။
ကျောင်းဖွင့်ရက်တွေဆိုရင်လည်းကျောင်းပျက်ခံကာဘေးမှာရှိနေပေးသည်။
ကောကကျောင်းရဲ့ထိပ်တန်းကျောင်းသားလေးဖြစ်သလိုစာလည်းအရမ်းတော်တာမို့ကျောင်းပျက်တယ်ဆိုတာအတော်ရှားသည်။
ကောကျောင်းပျက်ရင်လည်းသူနေမကောင်းတဲ့အခါမျိုးမှသာပျက်တတ်သည်။
ခက်တာကအဲ့တာဘဲ။ကောကသူ့အပေါ်ဆိုအရမ်းဂရုစိုက်လွန်းသည်။
ကောဘက်ကရိုးရိုးသားသားဆိုပေမယ့်သူ့ဘက်ကအရောင်ဆိုးချင်နေတာမို့ ကော သူ့အပေါ်ကိုဂရုစိုက်ပေးတိုင်းသူ့မှာအားနာရသည်။အစကတည်းကရုန်းထွက်မရတာမို့အဲ့လိုဂရုစိုက်ပေးတိုင်းသူ့မှာရူးချင်ရပါသည်။
တွေးရင်းတွေးရင်းမွန်းကြပ်လာတာကြောင့်သက်ပြင်းသာဖွဖွချမိတော့တယ်။"ဟန်ဘင်း ဘာလို့လဲမသက်သာဘူးလား။နေလို့မကောင်းသေးဘူးလား။ခေါင်းကိုက်နေသေးလို့လား"
သူ့ဘက်ကပြန်မဖြေဘဲသက်ပြင်း
ချမိေတာ့"လား"ပေါင်းများစွာနဲ့အေမးစကားေတွဆက်တိုက်ဆိုလာလေရဲ့။"ခေါင်းေတာ့ကိုက်ေသးတယ် ကော"
"ဟုတ်လား။အခုဘယ်နှနာရီရှိပြီလဲ။ဆေးကနောက်ထပ် ထပ်သောက်ရဦးမှာ။ဟန်ဘင်းဘာစားချင်လဲ။ကောဘာလုပ်ပေးရမလဲ"