ဒီနေ့ရစ်ကီကိုလေဆိပ်သွားကြိုရမှာမို့ဟာအိုလည်းေစာစောထပြီးပြင်ဆင်နေလိုက်တယ်။
"ဟန်ဘင်း မလိုက်ချင်ဘူးမလား။အဲ့ဆိုကောတစ်ယောက်ထဲသွားလိုက်မယ်"
"ကောတစ်ေယာက်ထဲသွားလို့မရပါဘူး။အဲ့အသက်မကြီးခင်ကတည်းကဆံပင်ဖြူချင်နေတဲ့တရုတ်စုတ်ကိုမမြင်ချင်လည်း ကောကို
တစ်ေယာက်ထဲစိတ်မချပါဘူး။လိုက်ခဲ့မယ်။""အဲ့ဆိုလည်းပြီးရော။ ပြီးမှေကာကိုအပြစ်မပြောနဲ့ေနာ်"
"မပြောပါဘူးဆို"
လေဆိပ်သွားတဲ့လမ်းတစ်လျှောက်လုံးဟန်ဘင်းမျက်နှာမှာစူပုပ်နေလေရဲ့။မလိုက်ချင်မလိုက်နဲ့လို့ပြောတော့လည်းမဟုတ်ရ။အခုကျတော့လည်းနှုတ်ခမ်းကရှေ့ကိုတစ်တောင်လောက်စူထွက်နေလေရဲ့။
လေဆိပ်ရောက်တော့ေလယာဉ်မဆိုက်သေးတာမို့ခဏထိုင်စောင့်နေလိုက်တယ်။လေယာဉ်ဆိုက်ပြီးသိပ်မကြာဘူး ရစ်ကီထွက်လာတယ်။
သူတို့ကိုလည်းမြင်ရောပြေးလာပြီးဟာအို့ကိုလာဖက်လေရဲ့။ရစ်ကီကလည်းဟန်ဘင်းနဲ့မထူးမခြားဘဲ။ဟာအို့ကိုအတော်ချစ်သည်။
အဲ့တာမို့လည်းနှစ်ယောက်သားမတည့်တာ။အခုလည်းဟာအို့ကိုသာဖက်တာဟန်ဘင်းကိုကျ"ဖေ့သားလေးကေဖကြီးကိုလာကြိုတာဘဲ"
"ချိးကို ဖေ့သား။အခုမှရောက်တာရန်လာမစနဲ့။ချက်ချင်းတရုတ်ကိုပြန်ရောက်အောင်ကန်ထုတ်လိုက်မယ်"
"မင်းပြန်ခိုင်းတိုင်းပြန်စရာလား။ငါကကောနဲ့အတူတူကျောင်းတက်ဦးမှာ။ရည်းစားလည်းထားဦးမှာ"
"မျက်နှာလာေပြာင်မေနနဲ့ရုပ်ကဆိုးရတဲ့ကြားထဲ။"
"ဒီလောက်ေရကလည်းလျှံ ရူပါကလည်းလန်းတဲ့ Young and Richကိုများရုပ်ဆိုးတယ်
ဆိုေတာ့မင်းမျက်မှန်တပ်သင့်ေနပြီ။ကျွတ်စ် ကျွတ်စ် သနားစရာလေးပါလား အသက်ငယ်ငယ်လေးနဲ့မျက်စိမေကာင်းရှာဘူး""ဘာ!!!"
"နှစ်ယောက်လုံးေတာ်တော့။အခုမှတွေ့တာကိုအခုရန်ဖြစ်နေကြတယ်။ကလေးတွေလည်းမဟုတ်ဘဲနဲ့"
"သူအရင်လာစတာေကာ"
ဟန်ဘင်းပြောတော့ရစ်ကီကလျှာထုတ်ေပြာင်ပြေလရဲ့။
ငါဒီကောင်နဲ့ဘယ်လိုအတူတူေနရမှာလဲ။မဖြစ်ဘူး။ကောကိုငါ့အိမ်မှာဘဲခေါ်အိပ်တော့မယ်။
အဲ့ရစ်ကီဆိုတဲ့ကောင်တစ်စက်ကလေးမှကိုမျက်နှာကြောမတည့်ဘူး။
မတည့်ဆိုအဲ့ကောင်ငယ်ငယ်ကကိုရီးယားကိုပထမဆုံးလာလည်တုန်းကတည်းကမတည့်တာ။ဒင်းကေကာကိုသူနဲ့တရုတ်ပြန်ခေါ်သွားမှာချည်းလာပြောနေတာကိုး။
အဲ့တုန်းကကောကအဲ့ေကာင်ရောက်လာလို့သူနဲ့လည်းအတူတူမဆော့တော့ဘဲဒင်းနဲ့ဘဲအတူတူဆော့နေတာလေ။
ဟန်ဘင်းလည်းစိတ်တအားတိုလာတာနဲ့ငိုပစ်လိုက်တာဖျားတောင်ဖျားသွားသေး။
ကောကသူနဲ့အတူတူလာအိပ်ပေးတော့လည်းအဲ့အရှုပ်ထုတ်ကသူပါအိပ်မယ်ဆိုပြီးလာအိပ်ရော။ရစ်ကီရှန်တို့သူ့ကိုငယ်ငယ်လေးကတည်းဒုက္ခပေးလာတာ။
တကယ့်ချိးထုပ်။