အချိန်တွေကအကုန်မြန်လိုက်တာ။အခုဆိုသူနဲ့ဟန်ဘင်းတွေ့ခဲ့တာ12နှစ်တောင်ရှိသွားပြီ။
သူတို့နှစ်ယောက်လုံးအထက်ကျောင်းတစ်ခုထဲမှာဘဲအတူတူတက်ဖြစ်ခဲ့ကြတယ်။အချိန်တွေသာပြောင်းလဲသွားတယ်ဟန်ဘင်းသူ့ကိုကပ်တဲ့အကျင့်ကအခုထိမပြောင်းလဲေသးဘူး။
တစ်ခါတစ်လေသူမပါဘဲတခြားသူငယ်ချင်းတွေနဲ့အပြင်သွားရင်လည်းသူ့ကိုတစ်ယောက်ထဲထားခဲ့လိုဆိုပြီးစိတ်ကကောက်သေးတယ်။
ဟန်ဘင်းကတခြားသူတွေနဲ့ဆိုတည်ငြိမ်ပြီးရင့်ကျက်တဲ့ပုံစံရှိပေမယ့်သူနဲ့ဆိုရင်ေတာ့အဲ့ပုံစံတွေအကုန်ဘယ်ရာက်ကုန်မှန်းမသိ။
သူ့အပေါ်ဆိုအမြဲဆိုးသည်။ဒါပေမယ့်လည်းသူ့မှာစိတ်မဆိုးရက်ဘူး။
အဲ့တာမို့လည်းအဆိုးလေးကပိုဆိုးနေတာ။
အခုလည်းသူ့ကိုမနက်စာစားတာမစောင့်လိုဆိုပြီးနှုတ်ခမ်းကဆူနေလေသည်။"ကောကမေကာင်းဘူးဗျာ အတူတူစားပါမယ်ဆိုမှကျွန်ေတာ့်ကိုမစောင့်ဘူး။"
"ကောလည်းစားလို့မပြီးေသးပါဘူးဟန်ဘင်းရဲ့။ဟန်ဘင်းကကြာနေတာကိုး။"
"ကျွန်ေတာ်ကြာနေတာမဟုတ်ပါဘူးနော် မေမေကေကာအတွက်ဖရဲသီးထည့်ေပးလိုက်ဦးမယ်ပြောလို့ေစာင့်ယူပေးနေတာကို။
ကျွန်တော်ကတော့သူစားဖို့စောင့်ယူပေးနေတာကိုသူကတော့ကျွန်တော့်ကိုမစောင့်ဘဲစားနေတယ်။""အာ အဲ့လိုလား။ကောမှမသိတာကိုဟန်ဘင်းကလည်း ဟဲဟဲ။စိတ်မေကာက်နဲ့ေနာ်။ဒီမှာ
ဟန်ဘင်းစားဖို့နို့ပူတင်း။"သူ့အတွက်ဖရဲသီးပါလာတယ်လည်းပြောရောမျက်လုံးများပိတ်ကျသွားေအာင်ရယ်ပြလာသည့်သူ့ကောပိစိလေးကသူဘယ်လောက်ချစ်ဖို့ကောင်းနေလဲဆိုတာသိပုံမပေါ်။
အဲ့လိုလုပ်ပြနေမှတော့ဒီကကောင်ကဘယ်လိုစိတ်ကောက်ရတော့မလဲ။
ကောတစ်ယောက်နဲ့တော့ခက်တယ်။
အခုလည်းဖရဲသီးစိတ်တွေထည့်လာတဲ့ဘူးကိုကြည့်ပြီးမျက်လုံးများကအရောင်တလက်လက်။
တကယ့်ကလေးပေါက်စ။"ဟန်ဘင်း ကောကိုဖရဲသီးေတွေပး"
"တစ်ခါထဲအကုန်မစားရဘူးနော် ကော။
ေချာင်းဆိုးမယ်။မေမေကအများကြီးထည့်ပေးလိုက်တာ။"