ရစ်ကီေပြာသလိုသူသာ ကောကိုဖွင့်ပြောလိုက်ရင်ေကာဘက်ကဘယ်လိုတုန့်ပြန်မလဲဆိုတာမသိရ။
ငယ်ငယ်လေးကတည်းကကောကသူ့ကိုညီလေးတစ်ယောက်လိုသဘောထားလာတာ တကယ်လို့သူသာရုတ်တရက်ကြီးဖွင့်ပြာလိုက်ရင်ကောအရမ်းလန့်သွားမယ်ထင်တယ်။
ဖွင့်ပြောလိုက်လို့ငြင်းလိုက်ရင်လည်းသူခံနိုင်ရည်ရှိနိုင်မည်မထင်။
လက်ရှိဆက်ဆံရေးလေးပါပြတ်တောက်သွားမှာကိုသူအရမ်းကြောက်ပါတယ်။
အခုလိုကောဘေးနားမှာနေခွင့်မရှိတော့ရင် သူတကယ်ရူးရလိမ့်မယ်။
ေကာကိုဆုံးရှုံးရမယ်ဆိုတဲ့ အတွေးကိုသူ
ေတွးေတာင်မေတွးရဲ။
ညေနက ကောတို့အိမ်ကပြန်လာပြီးကတည်းသူ့မှာစိတ်နဲ့လူနဲ့မကပ်ဘဲအေတွးများေနရသည်။အခုလည်းရေပန်းအောက်မှာရပ်နေတာ
ဘယ်ေလာက်ကြာသွားပြီမသိ ခန္ဓာကိုယ်ကအေးနေပြီဖြစ်ေကြာင်းဆန္ဒဖော်ထုတ်လာမှသာအသိစိတ်ပြန်ကပ်လာသည်။
ကော ရေကျွန်တော်ဘာဆက်လုပ်ရမလဲ။ဟာအိုလည်းေန့လယ်က ကိစ္စပြီးေတာ့စိတ်အေတာ်ရှုပ်သွားတာမို့ေရချိုးပြီးတစ်ခါထဲအိပ်ပစ်လိုက်တယ်။
ညကျဟန်ဘင်းလာနေမလားလို့တံခါးကိုေတာ့လော့မချထား။
မနက်မိုးလင်းေတာ့ပြတင်းပေါက်ကနေအလင်းရောင်တစ်ချို့နဲ့အတူမြေသင်းနံ့ေလးပါကပ်ပါလာတာမို့ညကမိုးအတော်ရွာသွားသည်ထင်။
လူကလည်းအိပ်ရေးဝထားတာမို့မနက်မိုးလင်းကတည်းကဟာအို့စိတ်ေလးကြည်လင်နေသည်။
ပြတင်းပေါက်နားသွားပြီးမြေသင်းနံ့လေးကိုတစ်ဝကြီးရှူရှိုက်လိုက်ကာမျက်စိရှေ့မှာမြင်နေရတဲ့ပိတ်ထားတဲ့ပြတင်းပါက်လေးကြောင့်
ဟန်ဘင်းညကသူ့အိမ်မှာဘဲအိပ်သည်ထင်တယ်။ညစာရောလာစားရဲ့လားမသိ အန်တီတို့ကအခုထိပြန်မရောက်ေသးတာမို့ ဟန်ဘင်းတစ်ေယာက်ထဲဖြစ်ေနကာဘာမှချက်စားဖြစ်မည်မထင်။
ဟာအိုလည်းအမြန်ရေချိုးပြင်ဆင်ကာဟန်ဘင်းအားသွားနှိုးဖို့လုပ်ရသည်။ဟာအိုအောက်ထပ်ဆင်းလာတော့မားမားကမနက်စာပြင်ပေးနေတာမို့
"မား ညကဟန်ဘင်းညစာလာစားေသးလား"
"လာမစားဘူး။ညကသားကိုသွားေခါ်ခိုင်းမို့လုပ်ေတာ့သားကအိပ်ေပျာ်ေနတာမို့မားလည်းမနှိုးေတာ့တာ။"