🍰1🍰

496 6 1
                                    

edit - အစအဆုံးပြန်ပြင်လိုက်တာမို့...ပြန်ဖတ်ချင်မှဖတ်ပါ။

Unicode
.
.
.
.

"​ကျေးဇူးတင်ပါတယ် ​​နောက်လည်း လာအား​ပေးပါဦးခင်ဗျ"

အပြုံးချိုချို​လေးနဲ့အတူ ဝယ်သူကို နှုတ်ဆက်စကား​ပြော​နေသည့်ထယ်​ယောင်းကို ကြည့်ကာ ပြုံး​စိစိလုပ်နေသည့် ဆိုးလ်။
ထယ်​ယောင်း ဆိုးလ်ဘက်လှည့်လာရာ ပြုံးစိစိလုပ်​နေသည်ကိုမြင်​တော့ လှမ်း​ဟောက်​လေသည်။

"ဘာရီတာလဲ"

"​အော် နင်လို့ မာနခဲက အခုလိုကျ​တော့လည်း ​ကောင်း​ကောင်းလုပ်နိုင်သားပဲ"

ထယ်​ယောင်းက ဆိုးလ်နားသွားထိုင်လိုက်ပြီး ပြန်​ပြောလိုက်သည်။

"ငါအရင်က မလုပ်ချင်လို့​လေး"

"နင်​ပြော​နေကျ​လေး...ဆိုင်တခုခုသွားပြီးဆို အဲလို ကာစတန်မာ​တွေကို ရိုးရိုး​သေ​သေ​ပြောတာမျိုး...ဆိုးတဲ့ ကာစတန်မာ​တွေနဲ့​တွေ့ပြီး ​ပြောခံထိတဲ့ ဝန်ထမ်း​တွေကို​တွေ့ရင်...ငါ​တော့ ဒီလိုမျိုး ဘယ်​​တော့မှလုပ်နိုင်မှာမဟုတ်ဘူး ဆိုပြီး​လေး..."

"ဒါကတူမလား...အရင်က ငါ့အ​ခြေအ​နေက ဒီလိုမလုပ်လည်းရ​နေတာပဲ​လေး...ခုလုပ်​နေရ​ပေမဲ့​ပေါ့...လုပ်ကြည့်​တော့လည်း အဲ့​လောက်ကြီး မဆိုးပါဘူး..."

"ဟုတ်ပါပြီး...ဒါနဲ့ ဒီည​နေ ငါတို့ ညစာအတူသွားစားမလား"

"နင်ဝယ်​ကျွေး..."

"ဟယ် အကျင့်ပုတ်"

"ပုတ်မှာပဲ...ငါကခုထိအ​​ခြေမကျ​သေးဘူး​လေး...အဲ့​တော့ ပိုက်ဆံစုရဦးမယ်"

"အံ့သြတာ...အသုံးအဖြုန်းကြီးတဲ့သူက ပိုက်ဆံစုမယ်တဲ့"

"​ပြောပြီးပြီ​လေး...ငါက အရင်လိုမဟုတ်​တော့ဘူးလို့...​ပြော​နေရင် အရင်က အချိန်​တွေ​တောင် ပြန်သတိရမိတယ်..."

"​အေးပါ...ညကျအတူသွားမယ်...အလုပ်သွားလုပ်​တော့"

"ရား...ငါက နင့်သူငယ်ချင်းနော်..."

"ဟုတ်တယ်​လေး...ဒါမဲ့ အခု ငါက နင့်သူ​ဌေးဖြစ်​နေပြီး​လေး...အဲ့​တော့ သူ​ဌေးခိုင်းတာ သွားလုပ်​တော့ ဝန်ထမ်း​လေး​ရေ..."

Starting From Delivery》JkV》{Ongoing}Where stories live. Discover now