Unicode
.
.
.
.
.ထယ်ယောင်း တိုက်အောက်ကိုရောက်တော့ အမြန်ပဲသူအခန်းဆီပြေးတက်သွားလေသည်။အခန်းဆီရောက်တော့ တံခါးဖွင့်ဝင်လိုက်ရာ အိမ်ထဲမှာ ရှုပ်ပွနေလေသည်။
ဂန်မင်ဂျွန်...ခွေးကောင်...ငါအိမ်ထဲဝင်မွေသွားတယ်ပေါ့။
"ထယ်ယောင်း"
ထယ်ယောင်းစိတ်ထဲကြိမ်ဆဲနေတုန်း နောက်ကနေ မင်ဂျွန်က ခေါ်လိုက်တာကြောင့် လန့်ကာ လှည့်ကြည့်လိုက်မိသည်။
မင်ဂျွန်ပုံစံက ကြောက်စရာကြီးမို့ ထယ်ယောင်း နောက်ကို ဆုတ်လိုက်မိသည်။"ခင်ဗျားဘာလာလုပ်တာလဲ...ပိုင်နက်ကျူးလွန်မူ့နဲ့ ရဲတိုင်လိုက်မှာနော်...ထွက်သွား!"
"ထယ်ယောင်း...ငါတောင်းပန်ပါတယ်...ငါ ပိုက်ဆံအရေးတကြီးလိုနေလို့ နဲနဲလောက်ချေးပါ...ပြီးရင် ငါပြန်ဆပ်ပါ့မယ်...နော်"
မင်ဂျွန်ပုံစံကြည့်ရတာ မူမမှန်သည့်မို့ ထယ်ယောင်း ခပ်ခွာခွာဆုတ်
လိုက်သည်။"မရှိဘူး!...ငါဟာငါတောင် သုံးဖို့မရှိတာ...ချေးပေးလို့ရဘူး!...ခုချင်း ထွက်သွား!"
"လုပ်ပါထယ်ယောင်းရယ်...မဟုတ်လည်း အဲဟန်းချိန်းလေး ပေးပါလား"
မင်ဂျွန်က ထယ်ယောင်းလက်မှာ ပတ်ထားသည့် ဟန်းချိန်းလေးကိုကြည့်ကာ ပြောလာတာကြောင့် ထယ်ယောင်းလည်း လက်ကို ဝှက်လိုက်ပြီး ငြင်းလိုက်၏။
"မပေးနိုင်ဘူး...ထွက်သွားနော် မဟုတ်ရင် ငါရဲခေါ်လိုက်မှာ..."
ထယ်ယောင်းက ပြောလည်းပြီး အပေါက်ဝဆီပြေးဖို့လုပ်တော့ မင်ဂျွန်က လှမ်းဆွဲကာ နံရံဆီတွန်းလွှတ်ပစ်လိုက်သည်။အရှိန်ပါသွားတာမို့ ကျောကုန်းတောင် အောင့်တက်သွားသည်။ဒီလိုကျတော့လည်း အကောင်သေးရတာ မဟန်ပေ။ထယ်ယောင်းလည်း အသားနာသွားတော့ ဒေါသထွက်သွားရသည်။
"ခင်ဗျား...ဒါဘာလုပ်တာလဲ!...ကျွန်တော်ကို တွန်းရအောင် ခင်ဗျားက ဘာမို့လဲ!"
ထယ်ယောင်း ဒေါသတကြီးအော်ပြောလိုက်တော့ မင်ဂျွန်ကလည်း
အော်ဟစ်သောင်းကျန်လာသည်။
KAMU SEDANG MEMBACA
Starting From Delivery》JkV》{Ongoing}
FantasiUnicode(only)🎁 J 💜 V #taekookfic #kookvfic #Myanmar ♡start date 19.3.2024 ♡end date ********* ဤ fiction တခုလုံးသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်ပြီး အပျော်တမ်းရေးခြင်သာဖြစ်သည်။