Unicode
.
.
.
.
.
တီး တီး တီး⏰မြည်နေတဲ့ နိုးစက်နာရီလေးကို ထယ်ယောင်း စောင်အောက်ကနေ လက်လေးတဖက်ထုတ်ကာ လှမ်းပိတ်လိုက်၏။ရာသီဥတု အေးတာကြောင့် ထယ်ယောင်း တကိုယ်လုံးကို စောင်နဲ့ လုံးကာ ကွေးနေသည်။ဒီနေ့ အလုပ်နားရက်မို့ ဆက်အိပ်နေလိုက်သည်။အိပ်ကောင်းကောင်းနဲ့ အိပ့်လိုက်တာ 10 နာရီခွဲလောက်မှ နိုးလာတော့ ဗိုက်ကဆာနေပြီး။အိမ်မှာ ဈေးမသွားရသေးတာကြောင့် ဘာမှမရှိ။သူလည်း အိပ်ရာက ထပြီး မျက်နှာသစ်သွားတိုက်ပြီး မနက်စာနဲ့ နေ့လယ်စာအဖြစ် ခေါက်ဆွဲပြုတ်ကိုသာ ပြုတ်စားလိုက်ရသည်။ကြာရင် ဆံပင်မွေးတွေလည်း ပြောင်ကုန်တော့မည်။ဒီနေ့တော့ ဈေးသွားမှပဲ ဖြစ်တော့မည်။အဝတ်အစားကို ပေါ့ပေါ့ပါးပါးသာဝတ်လိုက်ပြီး အပြင်မှာအေးတာကြောင့် ဟူဒီတစ်ထည်ကို အပေါ်ကနေထပ်စွပ်လိုက်သည်။ဟူဒီမှာ ပါတဲ့ ခေါင်းစွပ်ကို စွတ်လိုက်ပြီး မက်စ်လေး တပ်လိုက်သည်။တပ်ချင်လွန်းလို့တော့မဟုတ်။အခုခေတ်က ရောဂါဆိုတာ အမျိုးမျိုးပဲ ပေါ်နေတာမလား။ဝူဟန် ဆိုလား ကိုရိုနာဆိုလား ဝူရိုဟန် ဆိုလား အဲ့ရောဂါကလည်း ပါးသွားတာမကြာသေးဘူးလေး။အဲ့ဒါကြောင့် ရောဂါကူးမှာစိုးလို့။ကိုယ်က သေမယ်ဆိုရင်လည်း လှလှပပလေး သေချင်တာ။
ဤသို့ဖြင့် အမောင်ထယ်ယောင်းတယောက် ရပ်ကွက်ဈေးကြီးထဲသို့ရောက်လာလေသည်။ဒီလိုဈေးထဲမှာက လတ်ဆတ်တဲ့ အသားငါး အသီးအနှံလည်း ပေါသလို မတ်ကက်တွေမှာထက် ဈေးလည်း သက်သာသည်။သို့သော် ဒီလိုဈေးထဲမှာက အရှင်တွေကို သတ်ဖြတ်နေတာ မြင်ရပြန်တော့ အသားငါး စားခြင်စိတ်က အခုပဲ မရှိတော့သလိုလို။ဒီလိုမြင်ကွင်းတွေမြင်ရတော့ ဘုန်းကြီးပဲဝတ်ခြင်လာပြန်သလိုလို။သို့ပေမဲ့ သက်သတ်လွတ်ကလည်း မစားနိုင်ပြန်ဘူး။မစားပဲမနေနိုင်ပြန်တော့ သတ်ပြီးသားတွေပဲ ဝယ်သွားရဦးမည်။အိမ်အတွက် လိုအပ်မယ်ထင်တဲ့ဟာတချို့ရယ် ၊ အသားငါးတချို့နဲ့ သူကြိုက်တဲ့ အသီးနှံတချို့ဝယ်ကာ အိမ်သို့ပြန်လာခဲ့သည်။အပြန်လမ်းမှာ TV ကြည့်ရင်း အစာပြေ စာလို့ရအောင် မုန့်တွေလည်း ဝယ်သွားမည်ဆိုကာ မီနီမတ်လေးထဲ ဝင်လာခဲ့သည်။ဆိုင်ထဲရောက်တော့ မုန့်တွေက မျိုးစုံ။ပိုက်ဆံသာရှိလို့ကတော့ အကုန်ဝယ်စားပစ်ခြင်သည်။သူလည်း အအေးတချို့ရယ် မုန့်တချို့ရယ်ဝယ်ပြီး ပိုက်ဆံရှင်းကာ ထွက်လာခဲ့လိုက်သည်။
JE LEEST
Starting From Delivery》JkV》{Ongoing}
FantasyUnicode(only)🎁 J 💜 V #taekookfic #kookvfic #Myanmar ♡start date 19.3.2024 ♡end date ********* ဤ fiction တခုလုံးသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်ပြီး အပျော်တမ်းရေးခြင်သာဖြစ်သည်။