edit - အစအဆုံးပြန်ပြင်လိုက်တာမို့...ပြန်ဖတ်ချင်မှဖတ်ပါ။
Unicode
.
.
.
."ကျေးဇူးတင်ပါတယ် နောက်လည်း လာအားပေးပါဦးခင်ဗျ"
အပြုံးချိုချိုလေးနဲ့အတူ ဝယ်သူကို နှုတ်ဆက်စကားပြောနေသည့်ထယ်ယောင်းကို ကြည့်ကာ ပြုံးစိစိလုပ်နေသည့် ဆိုးလ်။
ထယ်ယောင်း ဆိုးလ်ဘက်လှည့်လာရာ ပြုံးစိစိလုပ်နေသည်ကိုမြင်တော့ လှမ်းဟောက်လေသည်။"ဘာရီတာလဲ"
"အော် နင်လို့ မာနခဲက အခုလိုကျတော့လည်း ကောင်းကောင်းလုပ်နိုင်သားပဲ"
ထယ်ယောင်းက ဆိုးလ်နားသွားထိုင်လိုက်ပြီး ပြန်ပြောလိုက်သည်။
"ငါအရင်က မလုပ်ချင်လို့လေး"
"နင်ပြောနေကျလေး...ဆိုင်တခုခုသွားပြီးဆို အဲလို ကာစတန်မာတွေကို ရိုးရိုးသေသေပြောတာမျိုး...ဆိုးတဲ့ ကာစတန်မာတွေနဲ့တွေ့ပြီး ပြောခံထိတဲ့ ဝန်ထမ်းတွေကိုတွေ့ရင်...ငါတော့ ဒီလိုမျိုး ဘယ်တော့မှလုပ်နိုင်မှာမဟုတ်ဘူး ဆိုပြီးလေး..."
"ဒါကတူမလား...အရင်က ငါ့အခြေအနေက ဒီလိုမလုပ်လည်းရနေတာပဲလေး...ခုလုပ်နေရပေမဲ့ပေါ့...လုပ်ကြည့်တော့လည်း အဲ့လောက်ကြီး မဆိုးပါဘူး..."
"ဟုတ်ပါပြီး...ဒါနဲ့ ဒီညနေ ငါတို့ ညစာအတူသွားစားမလား"
"နင်ဝယ်ကျွေး..."
"ဟယ် အကျင့်ပုတ်"
"ပုတ်မှာပဲ...ငါကခုထိအခြေမကျသေးဘူးလေး...အဲ့တော့ ပိုက်ဆံစုရဦးမယ်"
"အံ့သြတာ...အသုံးအဖြုန်းကြီးတဲ့သူက ပိုက်ဆံစုမယ်တဲ့"
"ပြောပြီးပြီလေး...ငါက အရင်လိုမဟုတ်တော့ဘူးလို့...ပြောနေရင် အရင်က အချိန်တွေတောင် ပြန်သတိရမိတယ်..."
"အေးပါ...ညကျအတူသွားမယ်...အလုပ်သွားလုပ်တော့"
"ရား...ငါက နင့်သူငယ်ချင်းနော်..."
"ဟုတ်တယ်လေး...ဒါမဲ့ အခု ငါက နင့်သူဌေးဖြစ်နေပြီးလေး...အဲ့တော့ သူဌေးခိုင်းတာ သွားလုပ်တော့ ဝန်ထမ်းလေးရေ..."
YOU ARE READING
Starting From Delivery》JkV》{Ongoing}
FantasyUnicode(only)🎁 J 💜 V #taekookfic #kookvfic #Myanmar ♡start date 19.3.2024 ♡end date ********* ဤ fiction တခုလုံးသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်ပြီး အပျော်တမ်းရေးခြင်သာဖြစ်သည်။