Unicode
.
.
.
.
.
ထယ်ယောင်းနဲ့ဆိုးလ် ဆေးရုံကနေ အစောကြီးထွက်လာခဲ့ပြီး ဆိုင်တဆိုင်မှာ မနက်စာ ဝင်စားနေကြသည်။
ဆိုးလ်က စားနေရင်း ထယ်ယောင်းကို ကြည့်ကာ မေးလာ၏။"ခေါင်းက ဘယ်လိုနေသေးလဲ"
"ဒဏ်ရာက တချက်ချက်နာတာကလွဲရင် ကျန်တာ ဘာမှမဖြစ်တော့ဘူး"
"အေး...အိမ်ရောက်ရင်လည်း အေးဆေးနား...တခုခုလိုတာရှိရင်ဖုန်းလှမ်းဆက်လိုက်...နောက်ပြီး အိမ်ပြောင်းဖို့ လုပ်တော့"
ဆိုးလ်စကားကြောင့် ထယ်ယောင်းက ဖျော်ရည်ကို ယူသောက်လိုက်ပြီးပြန်မေးလာ၏။
"ဘာလို့လဲ"
"ဟဲ့...ဘာဖြစ်ရမှာလဲ...နင်အဲမှာဆက်နေရင်း အဲ့ကောင်က နောက်တခါထပ်လာရင်ဘယ်လိုလုပ်မလဲ...ရဲတိုင်ထားတယ်ဆိုပေမဲ့ ဖမ်းမိသေးတာမဟုတ်ဘူး"
"ဒါမဲ့ ငါက ဘယ်ပြောင်းရမှာလဲ...ပြောင်းမယ်ဆိုရင်တောင် အရင်စုံစမ်းရဦးမှာလေး..."
"ဟင်း~ နင့်မိဘတွေ ဝယ်ပေးထားတဲ့ အိမ်ရှိတာပဲ...အဲကိုပြောင်းလိုက်ပေါ့"
ဆိုးလ်အကြံကို နှာခေါင်းလေးရှုံ့ကာ ထယ်ယောင်းငြင်းလိုက်လေသည်။
"ငါတော့မနေချင်ပါဘူး...ငါ့အဖေပါးစပ်ကို နင်မသိတာလည်းမဟုတ်ပဲနဲ့"
"ငါပြောတာ နားထောင်စမ်းပါဟယ်...ငါဆီလာနေခိုင်းပြန်ရင်လည်း ငါတို့ချင်းက ကိစ္စမရှိပေမဲ့ ပတ်ဝန်းကျင်က သိတဲ့တိုင်း...ပုရွက်ဆိတ်လောက်ကိစ္စဆို ဆင်လောက်ကြီးအောင် ချဲကာပြောကြတယ်လေး..."
"ငါသိပါတယ် ဆိုးလ်ရာ...ဒါမဲ့ ငါတော့ မနေချင်ပါဘူး"
"မနေတော့ ဘယ်လိုလုပ်မှာလဲ"
"ငါစဥ်းစားဦးမယ်"
"ပြီးတာပဲ"
ကလေးလိုမျိုး ကဂျီကဂျောင်ကျနေသည့် ထယ်ယောင်းကြောင့် ဆိုးလ်လည်း ဆက်မပြောချင်တော့။
ဒါမဲ့လည်း ကိုယ့်အဖေပဲဟာကို ပြောတော့လည်း ဒီဘက်နားဝင် ဟိုဘက်နားကနေ ထွက်လိုက်ပေါ့။ဆင်းလာတာဖြင့် လေးငါးလကြာနေပြီးကို။ဟိုကလည်း စိတ်ဆိုးပြေနေလောက်ပါပြီး။ကိုယ်သဘောနဲ့ ကိုယ်ဆို အိမ်ပြန်လိုက်ပါ သူငယ်ချင်းရယ် လို့ပြောလိုက်ချင်ပေမဲ့ နားကောက်လေးက ခုထိ သူ့အဖေကို အစာမကြေဖြစ်နေတုန်း။ဦးလေးကလည်း ဦးလေပဲ။ကိုယ့်သားကိုယ် ဘာလို့ ဒီလိုပြောထွက်မှန်းမသိ။နောက်ပြီး သူမှာလည်း အေးဆေးမနေရ။တော်ကြာနေ အန်တီက လာမေးလိုက်။သူ့အစ်ကိုက လာမေးလိုက်နဲ့။
ဒါကအကြောင်းမဟုတ်။အကြောင်းက သူငယ်ချင်းအစ်ကိုနဲ့ ခနခနတွေ့နေရတော့ ကြာတော့ စိတ်တောင်ဝင်စားလာပြီး။ ဟွန်းဟွန်း။
ဘာလို့ ဒီညီအစ်ကို နှစ်ယောက်လုံးက ချောနေမှန်းမသိ။
ВЫ ЧИТАЕТЕ
Starting From Delivery》JkV》{Ongoing}
ФэнтезиUnicode(only)🎁 J 💜 V #taekookfic #kookvfic #Myanmar ♡start date 19.3.2024 ♡end date ********* ဤ fiction တခုလုံးသည် စာရေးသူ၏ စိတ်ကူးသက်သက်သာဖြစ်ပြီး အပျော်တမ်းရေးခြင်သာဖြစ်သည်။