🍰2🍰

292 4 1
                                    

Unicode
.
.
.
.
.

ချွင်း~

"​ရောက်လာပြီး​ပေါ့..."

ဆိုင်တံခါးတွန်းဖွင့်ကာဝင်လာသည့် ထယ်​ယောင်း​ကိုမြင်​တော့ ဆိုးလ်က ​မေးလိုက်တယ်။

"အွန်း"

"မနက်စာ​ရော စာပြီးပြီးလား"

"​အော"

"အွန်း...ဒီ​နေ့လည်း ကြိုးစားလိုက်ပါဦး ဝန်ထမ်းလေး​ရေ"

"ဟုတ်ကဲ့ပါ သူ​ဌေးခင်ဗျ"

ထယ်​ယောင်းလည်း ပြန်ရွဲ့ပြီး အဝတ်လဲဖို့ အထဲဝင်သွား​လေသည်။အပြင်ပြန်ထွက်လာ​တော့ မုန့်ထည့်ထားသည့် မှန်ပုံ​ပေါ် လက်​ထောက်ကာ ​ငေးငိုင်​နေ​တော့သည်။

"ကျစ်! ကျစ်! ဒီဝန်ထမ်းနဲ့​​တော့ ငါဆိုင်​​လေး ​ရောင်းကောင်းဦးမယ်"

စာပွဲဝိုင်း​လေးမှာ ထိုင်​နေသည့် ဆိုးလ်က စုတ်သပ်ကာ တ​ယောက်ထဲညီးညူလိုက်၏။

"သူ​ဌေးလည်း​ တ​နေ့​နေ့ ထိုင်ပြီးပဲ ညီးညူ​နေ​တော့တာ​နော်...ဘာမှလည်းမလုပ်ဘူး"

ထယ်​ယောင်းပြန်​ပြောလိုက်​တော့ ဆိုးလ်က ရယ်ကာ​ပြောလိုက်သည်။

"သူ​ဌေးကို တခွန်းမကျန်ပြန်​ပြော​တာ...ဒီဝန်ထမ်း အထုတ်ခံချင်ပြီးထင်တယ်"

"​တောင်းပန်ပါတယ်ခင်ဗျ...ကျ​နော့်ကို​တော့အလုပ်မထုတ်ပါနဲ့ခင်ဗျ"

ထယ်​ယောင်းက မှန်ပုံကို သုတ်​နေရင်း ပြန်ရွဲ့လိုက်​ရင်း ​မေးလိုက်သည်။

"ဒါနဲ့ ဆိုးလ်မ...နင့်မှာ ​ရည်းစား​တွေဘာတွေမရှိဘူးလား"

"မထားချင်ပါဘူးဟယ်...နင့်ကြည့်ရတာနဲ့တင် ငါ​တောင် ရည်းစားလိုချင်စိတ်​ပျောက်တယ်...ပြီး​တော့ နင်​ယောကျာ်း​ကောင်းမရသ၍​ ငါလည်း ရည်းစားမထားဖို့ ဆုံးဖြတ်ထားတယ်"

"မဆိုင်တာ...လာကြိုက်မဲ့သူမရှိလို့မလား...​အေ​လေး နင့်လို မိန်းမကြမ်းကြီးကို ဘယ်သူက ကြိုက်မှာလဲ...ငါ​တောင် မကြိုက်ဘူး ဟဟား..."

"ဟဲ့...အချင်းချင်းကိုမဖဲ့နဲ့...ငါ့ကို ကြိုက်တဲ့သူမှ​ပေါလို့...ငါကသာ မထားချင်တာ"

Starting From Delivery》JkV》{Ongoing}Où les histoires vivent. Découvrez maintenant