🔥 2 💧

636 60 10
                                    

     "ဟဲ့  ... ကြားပြီးပြီလား ... ဒီနေ့ Basketball Final ပွဲက Kim Jiwoong နဲ့ Ricky Shen ထပ်တွေ့ပြန်ပြီဆို ..."

   "အေးဆို  ... ပွဲကြီး ပွဲကောင်းပဲ ... ဒိတစ်ခါ ဘယ်အသင်းနိုင်မယ်ထင်လဲ ..."

   "ငါက  ကင်မ်ဂျီအွန်းး "

   "ငါက  ရစ်ခီရှန် .."

   "ပြီးမှငြင်းကြ ... မြန်မြန်လာ မမှီပဲနေမယ် ... "

လမ်းတစ်လျှောက်ပြောလာတဲ့ စကားသံတွေနဲ့အတူ ဂွန်းဝုဘေးကနေ ဖြတ်ကာ လျှောက်သွားကြသည့် ကောင်မလေးများ။ သူတို့စကားအရ ဒီနေ့ ကျောင်းမှာ Basketball ပွဲရှိပုံပေါ်သည်။ ပုံမှန်ဆို ဝါသနာအိုးလေးမလို့ သွားကြည့်မှာဖြစ်ပေမဲ့ ဒီနေ့တော့မရ။ သူ ပါမောက္ခများရုံးခန်းကို ရှာရအုံးမည်ဖြစ်သည်။

ဂွန်းဝုက စာသင်နှစ် နှစ်လယ်မှ ကျောင်းပြောင်းလာရသည့် ကျောင်းပြောင်းကျောင်းသားတစ်ယောက်ပင်။ ဒီနေ့မှ ကျောင်းလာရပေမဲ့ စာသင်ခန်းထဲဝင်ဖို့နေနေသာသာ လိုအပ်တဲ့စာရွက်စာတမ်းလုပ်ရမည့်ပါမောက္ခရုံခန်း ရှာနေရတာနဲ့တင် တစ်မနက်ကုန်တော့မည်ဖြစ်သည်။ လမ်းမှာတွေ့တဲ့သူမေးမလို့ဟာကလည်း သူတို့အာရုံတွေနဲ့သူတို့ ရှေ့သိုတည့်တည့်ရှုကာ အသည်းအသန်ပြေးလွှားနေကြသည်လေ။ အပေါ်ထပ်မှာ မရှိတာ သေချာတော့ အောက်ထပ်ဆင်းဖို့ လှေကားအကွယ်ကအထွက် လှေကားပေါ်ပြေးတက်လာတဲ့သူနဲ့ ပိတ်တိုက်မိမလိုဖြစ်ကာ သွားသည်။ မတိုက်မိအောင် ရှောင်ခါမှ သူရှောင်ကိုယ်ရှောင်နဲ့ ထုတ်စီးထိုးသလို ဖြစ်နေတော့သည်။

     "သြော်  ... တကယ်ပါပဲ အရေးကြီးပါတယ်ဆိုမှ ဖယ်စမ်းပါဟ ... "

သူ့ကို ဘလိုင်းကြီးအော်ကာ တွန်းတိုက်သွားပါသော ကောင်လေးတစ်ယောက်ကြောင့် ဂွန်းဝုတောင်ကြောင်တောင်တောင်ပင်ဖြစ်သွားရသည်။ ။ ဘာလေးလဲဟ?

~~~~~~~~~

     "ရစ်ခီရှန်!!!!     ရစ်ခီရှန်!!!!     ရစ်ခီရှန်!!!!! "

    "ကင်မ်ဂျီအွန်း!!! ကင်မ်ဂျီအွန်း!!!!!ကင်မ်ဂျီအွန်း!!!! "

ပွဲကြည့်စင် တစ်ဖက်တစ်ချက်ဆီမှ အပြိုင်အဆိုင်အော်ဟစ်အားပေးသံများ။ ထိုပွဲရဲ့ အလယ်မှာတော့ basketball ဘောလုံးကို နှစ်ယောက်လုံး လက်နဲ့ထိထားရင်း အကြည့်ချင်း စစ်ထိုးနေသည့် ကောင်လေးနှစ်ယောက်။ ကျိန်းသေပေါက် ရစ်ခီနဲ့ ဂျီအွန်းဖြစ်တယ်ဆိုတာတော့ ပြောစရာမလိုပေ။ အခုက အမှတ်တူသရေ ဖြစ်နေသည့်အပြင် နောက်ဆုံး ပိုင်း ၊ နောက်ဆုံးမိနစ် ပင် ။

Fire or Water? [  COMPLETED ]Where stories live. Discover now