"မင်းတို့ ငါမသိအောင် ရန်ဖြစ်ထားကြပြန်ပြီလား...."
ထမင်းစားပွဲမှာ ဂျီအွန်းနဲ့ ရစ်ခီရှေ့ထိုင်ရင်း နှစ်ယောက်လုံးအား scan ဖတ်သလိုအစုန်အဆန်ကြည့်ရင်း ပြောလာပါသည့် မက်သရူး။
"မဟုတ်ပါဘူး .... "
ရစ်ခီ ပြန်ဖြေလိုက်ရင်း ရေခွက်ယူကာရေတစ်ကျိုက်သောက်လိုက်သည်။
"အဲဒါဆို ရစ်ခီရှန်ကဘာလို့နှုတ်ခမ်းပေါက်နေတာတုန်း ..."
"အဟွတ် အဟွတ် ..... "
မက်သရူးအမေးကြောင့် ရစ်ခီ သောက်လက်စ ရေ ကသီးလေသည်။ ဂျီအွန်းက ရစ်ခီနောက်ကျောကိုအသာပုတ်ပေးရင်း ...
" အဲဒါက ငါတို့နေ့လည်က ကျောင်းမှာ ငါသူ့ကို န....အွန့် "
ဂျီအွန်း စကားမဆုံးခင် ပါးစပ်ထဲရောက်လာသည့် အသားတုံး။ တရားခံကတော့ နှစ်ယောက်မရှိတဲ့ ရစ်ခီရှန်။
"ပါးစပ်ပိတ်ပြီး စားစရာရှိတာ စားလိုက်တော့ ကင်မ်ဂျီအွန်း "
"သေမလို ပါးစပ်ထဲဇွတ်ထည့်ရသလား ရစ်ခီရှန်ရဲ့ ...."
"မင်း မဟုတ်တရုတ်တွေပြောတော့မှာလေ ခွေးကောင်ရဲ့ ..."
" အဲဒါနဲ့ပဲ ရုတ်တရက်ကြီး အဲလိုခွံ့ရသလား ငါနင်ပြီးသေသွားဘယ်လိုလုပ်မလဲ ..."
"အခုမသေဘူးမလား....ပါးစပ်ပိတ်လိုက်တော့ ...နောက်တစ်ခါထပ်ဟရင် အသားလာမယ်မထင်နဲ့ ခရင်းထိုးထည့်မှာ "
"မင်း !! .... ငါနဲ့တွေ့မယ် ..."
ဒီနေ့လည်း ငြိမ်းချမ်းနေပြန်တဲ့ သူ့ရှေ့ကနှစ်ယောက်ကြောင့် မက်သရူးစားလက်စပန်းကန်လေးမကာ ၕည့်ခန်းထဲထွက်လာခဲ့လိုက်သည်။ အဆင်ပြေသွားလောက်ပြီလို့ ထင်ခဲ့တဲ့ ငါကိုကမှားတာပါ .... ။
"မက်သရူး!!! "
အခန်းရှေ့ကခေါ်သံကြောင့် မက်သရူး တစ်ဖက်ကဂွန်းဝုဂီနဲ့ online game ဆော့နေရာကတံခါးသွားဖွင့်လိုက်တော့ ရစ်ခီရှန်။
"ရစ်ခီ!! ဘာလိုလို့လဲ ... "
"ဒါလေး ... အဲဒါ ဟို ...ဟိုဟာ ဟိုကောင့်ကို ပေးလိုက် ...လက်ကအနာလိမ်းဖို့လို့ ..."
YOU ARE READING
Fire or Water? [ COMPLETED ]
Fanfictionကျွန်တော့်ကို သဘောကျတယ်ပြောပြီး ပြိုင်လိုက်ကြရင်း သူတို့အချင်းချင်းပြန်ကြိုက်သွားတယ်တဲ့ ကောင်းကျသေးရဲ့လားဗျာ....။