"မက်သရူးရေ .... ရုံးခန်းကခေါ်တယ် ... "
"ဗျာ!! "
ကန်တင်းမှာ နေ့လည်စာစားနေတုန်း လာပြောတဲ့ ကောင်လေးတစ်ယောက်ကြောင့် မက်သရူးစားလက်စနင်သွားရသည်။ နေပါအုံး ဟိုနှစ်ကောင် ရန်ထပ်ဖြစ်ပြန်ပြီလား။ မဟုတ်သေးပါဘူး ဒီနေ့ နှစ်ယောက်လုံး သူတို့မိဘတွေပြန်ရောက်နေကြလို့ သွားတွေ့ကြတာ ကျောင်းတောင်မလာတာလေ။ အဲဒါကြောင့် ဒီနေ့ မက်သရူးအခုလို အေးအေးဆေးဆေး ထမင်းစားနေနိုင်ခြင်းပင်။ နမို့ဆို အဲနှစ်ယောက်ရဲ့ ဘာမဟုတ်တဲ့ အကြောင်းအရာလေးကနေ ရန်ထထ ဖြစ်တတ်လွန်းလို့ ဘယ်တော့မှ အေးဆေးမစားရ။ ဒါပေမဲ့ ခုတော့ ဘာအကြောင်းကိစ္စပေါ်ပြန်ပြီမသိ သွားရပြန်ရအုံးမယ် ရုံးခန်းကို။ ရုံးခန်းသာလူဆို သူနဲ့ညားနေလောက်ပြီရယ်။ မက်သရူး စားလက်စသိမ်းကာ ရုံးခန်းထဲအမြန်သွားရပြန်သည်။ မက်သရူး ဝင်လာတာမြင်တော့ ပါမောက္ခက ...
"ဟော မက်သရူး ... ဒီကိုလာ ဆရာ့ကို ကူပါအုံး ... ဒီကျောင်းသားလေးလေ ပထမနှစ်က ... Basketball အသင်းထဲဝင်ချင်လို့တဲ့ ... အဲဒါ မင်းပဲကြည့်ကြပ်လုပ်ပေးလိုက်ပါအုံး ... ဟိုနှစ်ယောက်ဆို အကြောင်းသိတယ်မလား "
"ဗျာ! ဪ ဟုတ် ဆရာ ...ကူညီပေးလိုက်ပါ့မယ် "
မက်သရူး ဆရာ့အပြောကြောင့် သူ့ဘေးကရပ်နေတဲ့ ကောင်လေးကို တစ်ချက်ကြည့်လိုက်သည်။ အရပ်ရှည်ရှည်ခပ်ထွားထွားကောင်လေး တစ်ယောက်။ ဘယ်မှာမြင်ဖူးလဲတော့မသိ သူမြင်ဖူးနေသလိုပင်။
ဂွန်းဝုကတော့ ဘေးက လာရပ်တဲ့ စီနီယာသေးသေးလေးကို မြင်ပြီးနောက် နည်းနည်းတော့ လန့်သွားရသည်။ ဒါ ဟိုတစ်နေ့က ရန်ဖြစ်လို့ ခေါ်အဆူခံရတဲ့ စီနီယာလေးမလား ...လှေကားထိပ်မှာတုန်းကတောင် သူ့ကို ဘလိုင်းကြီး ဟောက်သွားတာလေ ။
"ဒီမှာ ဒီမှာ ဂျူနီယာလေး ... ဘာတွေတွေးနေတာတုန်း ... Basketball team ထဲဝင်မယ်ဆို လိုတာတွေပြောမလို့ ..."
ရုံးခန်းထဲက ထွက်လာသည်အထိ စိတ်နဲ့လူနဲ့မကပ်သလို ကောင်လေးကြောင့် စိတ်လက်တဆစ်လေးမက်သရူးအော်လိုက်မိသည်။ ထိုအခါမှ
YOU ARE READING
Fire or Water? [ COMPLETED ]
Fanfictionကျွန်တော့်ကို သဘောကျတယ်ပြောပြီး ပြိုင်လိုက်ကြရင်း သူတို့အချင်းချင်းပြန်ကြိုက်သွားတယ်တဲ့ ကောင်းကျသေးရဲ့လားဗျာ....။