🔥Final 💧

390 29 2
                                    

            "ဘေဘီ  .... ပြီးပြီလား .... "

အခန်းတံခါးကိုခေါက်ကာ ဝင်လာတဲ့ဂျီအွန်းကြောင့် ရစ်ခီ ရင်ဘက်နားထက်ရေမွှေးအား အသာဖျန်းလိုက်ပြီး ကုတင်ပေါ်ကအသင့်ထုတ်ထားတဲ့အပေါ်ကုတ်ယူလိုက်သည်။ ထို့နောက်ဂျီအွန်းအား တစ်ချက်ကြည့်လိုက်တော့ ခဲရောင် Hoodie နဲ့ Short pant နဲ့ပေါ့ပေါ့ပါးပါးပင်။ ဂျီအွန်းအားကြည့်ပြီး သူ့ကိုယ်သူတစ်ချက်ပြန်ကြည့်လိုက်တော့ အနက်ရောင် ရှပ်တစ်ထည်ကိုအနက်ရောင် leather အကျပ်ဘောင်းဘီနဲ့...။ ရစ်ခီက သူကိုယ်သူပြန်ကြည့်လိုက် ဂျီအွန်းကိုကြည့်လိုက် မျက်မှောင်ကြုံ့လိုက်လုပ်နေတာကို ဂျီအွန်းကြည့်ရင်း တစ်ချက်ရယ်ကာ ....

    "ဘာတွေမကျေနပ်ပြန်တုန်း  ဘေဘီ .... ကိုယ်ဒီတစ်ခါထပ်လဲရရင်  London မြို့ထဲ သူတောင်းစားပုံစံနဲ့ပဲသွားရတော့မယ် ..."

သူ့ဘေဘီ ရစ်လွန်း၍ ၃ခေါက်လောက်အဝတ်လဲလိုက်ရသည့်ဂျီအွန်းက ရယ်လျက်ဆိုသည်။

   "မောင်  ငါအရမ်းကြီးတောက်လွန်းနေလား ..မင်းကကျအဲလိုကြီးဝတ်ထားတော့ ငါကပဲထူးပြီးတောက်နေသလိုပဲ ... "

မကျေမနပ်စူပုတ်ကာ ပြောလာတဲ့ သူရှေ့ကကြောင်ပေါက်လေးကို ဂျီအွန်း ခါးကဆွဲယူကာ မျက်နှာချင်းဆိုင်စေလိုက်ရင်း ....

      "လှတယ် ..... "

      "မလှချင်ပါဘူး ..လှတယ်ဆိုတာ မိန်းကလေးတွေပဲပြောတာ .. ငါက Sexy ဖြစ်ပြီးကြည့်ကောင်းချင်တာကို"

      "အဲဒါတော့ ကိုယ်ခွင့်မပြုဘူး ... အခုတောင်အရမ်း စွဲဆောင်မှုရှိနေတာ ဒီထက်ပိုပြီး sexy ကျနေရင် ကိုယ် သဝန်တိုရလွန်းလို့ အိပ်ကပ်ထဲပဲ ဖွက်သိမ်းထားလိုက်တော့မယ် ....မွ "

ဂျီအွန်းက ရစ်ခီ့ရဲ့နှုတ်ခမ်းအား တစ်ချက်နမ်းကာ ပြောလာတာကြောင့် ရစ်ခီ ပိုရန်ကောဟု အကြည့်ဖြင့် မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး ဂျီအွန်းဖက်ထားတာက ရုန်းထွက်ကာ ...

     "သွားရအောင် .... နောက်ကျနေပြီ .... သြော  ခနလေး  ဖုန်းလာနေတယ် ...မက်သရူးရယ် .. "

ရစ်ခီ  ဖုန်းကိုင်လိုက်ရင်း ....

     "ဟဲလို  .... မက်သရူးပြော ...."

You've reached the end of published parts.

⏰ Last updated: May 25 ⏰

Add this story to your Library to get notified about new parts!

Fire or Water? [  COMPLETED ]Where stories live. Discover now