"ဟူးးး မောလိုက်တာ .... "
မက်သရူးတစ်ယောက် အရိပ်ရအပင်အောက်က ခုံတန်းတစ်ခုမှာ ခြေပစ်လက်ပစ်ဝင်ထိုင်ရင်း ပြောလိုက်သည်။ ဂွန်းဝုက မက်သရူးကိုကြည့်ကာ ရယ်ရင်း ဘေးမှာဝင်ထိုင်သည်။ မမောရှိပါ့မလား နေ့လည်လောက် ကတည်းက ကစားကွင်းထဲက ဆော့စရာမှန်သမျှ တစ်ခုမကျန် တောက်လျှောက်ဆော့လာတာလေ။ ပြီးကျပြောသေးသည်။ ဂွန်းဝုဂီပျင်းနေမှာဆိုးလို့ ကူဆော့ပေးတာပါတဲ့လေ။
"ဂွန်းဝုဂီ ... ရေခဲမုန့်စားအုံးမလား ... ဟျောင်း ဝယ်ကျွေးမယ် ..."
"မစားတော့ဘူး ဟျောင်း ... ဟျောင်းစားချင်ဝယ်စားလေ ... သွားဝယ်ပေးမယ် ... "
"O K "
ဂွန်းဝုတစ်ယောက် ရေခဲမုန့်ဆိုင်ဆီလှစ်ခနဲ ပြေးထွက်သွားမှ ဖုန်းဖွင့်ပြီး ဂျီအွန်းဆီစာပို့လိုက်သည်။
[ အခြေအနေ? အဆင်ပြေလား? ]
စာပို့လိုက်ပေမဲ့ ပြန်စာမလာတဲ့သူကြောင့် သူဖုန်းပြန်သိမ်းလိုက်ရင်း ဂွန်းဝုပြန်အလာကိုသာစောင့်လိုက်သည်။ ဒီနေ့ ရစ်ခီက ဂွန်းဝုကို တွေ့ဆုံပွဲ ခေါ်လာမှာဆိုးပြီး ကင်မ်ဂျီအွန်းတစ်ယောက် မျောက်မီးခဲကိုင်ထားသလို စပ်စပ်လူးကာ သူ့ကို
ဂွန်းဝုဂီကို ပထုတ်ပေးဖို့ အကူအညီတောင်း ထားတာဖြစ်သည်။ အဲဒါကြောင့်သူ့မှာ ဂွန်းဝုဂီ အဲဒီကိုမသွားနိုင်အောင် ပလီပလာလည်းလုပ်ခဲ့ရပြီး ကစားကွင်းကိုလည်းဆွဲခေါ်လာရသည်။ ဟိုနှစ်ယောက်အခြေအနေကတော့ ဘယ်လိုရှိတယ်မသိ ....။"ဟျောင်း .... ရော့ .... "
မျက်စိရှေ့ထိုးပေးလာတဲ့ ရေခဲမုန့်ကို ယူလိုက်ပြီး
"စတော်ဘယ်ရီကြီးလား .... Mint choco မရှိဘူးလား...."
"ဟျောင်းကလည်း... အဲသွားတိုက်ဆေးနဲ့ ချောကလက်ရောစားတဲ့အရသာကြီးကို ဟျောင်းပဲ ကြိုက် ကြိုက်......ပြန် သွား လဲပေးရမလားလို့ ဟီး....."
မင့်ထုချိုကိုမကောင်းကြောင်းပြောလာတဲ့ ရှေ့ကတစ်ယောက်ကို မက်သရူး ရေခဲမုန့်အား ကိုက်စားရင်း ...မကြည်ကြည့်စိုက်ကြည့်ပေးလိုက်ခါမှ ခေါင်းတခါခါ လက်တခါခါနဲ့ ပြန်လဲပေးရမလား လုပ်လာသည်။
![](https://img.wattpad.com/cover/345136760-288-k738396.jpg)
YOU ARE READING
Fire or Water? [ COMPLETED ]
Fanfictionကျွန်တော့်ကို သဘောကျတယ်ပြောပြီး ပြိုင်လိုက်ကြရင်း သူတို့အချင်းချင်းပြန်ကြိုက်သွားတယ်တဲ့ ကောင်းကျသေးရဲ့လားဗျာ....။