[3]

652 106 4
                                    

Unicode

"ဒီ​ကြောင်​တွေကဘယ်က​ရောက်လာတာလဲ "

​အောက်ထပ်က အ​မေဖြစ်သူရဲ့​အသံ

ပတ်​ဆောင်ဟွန်းတစ်​ယောက် အခန်းထဲ​အောင်းကာ
ဂိမ်း​​ဆော့ချင်​ယောင်​ဆောင်ပြီး ဂနာမငြိမ်ဖြစ်​​နေမိသည်။

သူ​နေ့လည်က တစ်ခုခု၀င်ပူးခံလိုက်ရသလိုမျိုး
ကင်​​ဆောနူရဲ့က​လေးမျက်နှာဆီမှာ ပြုစားခံလိုက်ရတာဖြစ်မယ်၊

အဲလိုမှမဟုတ်ရင်အိမ်ကို​ကြောင်​တွေ​ခေါ်လာဖို့ဘယ်လိုများ စိတ်​ကူး​ပေါက်သွားရမှာလဲ

သူစိတ်ရှုပ်စွာနဲ့ ဘာသံမှဖွင့်မထားတဲ့head phoneကိုဆွဲဖြုတ်လိုက်ပြီးဆံပင်​တွေကိုဆွဲဖွလိုက်မိ​တော့သည်။

"​ချစ်စရာ​လေး​တွေ​မေ​မေရယ် ​မွေးထားလိုက်ရ​အောင်ပါ "

"အလုပ်များကများနဲ့၊ ​သေချာမကြည့်​ပေးနိုင်ဘူး​လေ"

"သမီးကြည့်​ပေးမယ်၊ သမီးအခန်းကကျယ်တာပဲ ၊
ဗီဒိုနား​လေးက​နေရာ​လေးကိုရှင်းလိုက်ရင်ရတာပဲ​"

​လှေကား​ပေါ်ကဆင်းအလာ ညီမဖြစ်သူရဲ့စကားသံ​ကြောင့် သူ့နှုတ်ခမ်း​တွေ​ကျေနပ်စွာတွန့်​ကွေးသွားမိ​တော့သည်။

အိမ်ကလူ​တွေစိတ်​ပျော့တတ်တာသူအသိဆုံး၊
အဲဒီလို အ​​မွှေးလုံးလုံး​သေး​သေးလေး​တွေဆို ​နေကိုမ​နေနိုင်တာ၊ ကင်​ဆောနူလိုမျိုး

​အောက်ထပ်ကိုခပ်တည်တည်နဲ့ဆင်းလာပြီး
​ရေ​သောက်​နေ​သော သားဖြစ်သူကို သူမမျက်လုံး​ထောင့်က​နေ မသင်္ကာသ​ယောင်အကဲခတ်လိုက်မိသည်။

"လက်ကဒဏ်ရာ​ရော ဘယ်လို​နေ​သေးလဲ "

သူကအသစ်ပြန်လည်စည်း​နှောင်ထား​သော ပတ်တီးကို တစ်ချက်မျှသာ​စွေကြည့်လျက် အမှုမထားပုံဖြင့်ပြန်​ဖြေလိုက်သည်။

"​ကောင်း​နေပါပြီ၊ အ​ပေါ်ယံ​လေးပဲထိတာ"

သူ့အ​ဖြေကိုသိပ််ကြိုက်ပုံရ​​သော အ​​မေဖြစ်သူက​တော့ ​ညစာအတွက်ပြင်ဆင်ရင်း မျက်​မှောင်ကျုံ့​နေဆဲပင်။

​သောက်လက်စ​ရေဘူးအား ​ရေခဲ​​သေတ္တာထဲပြန်ထိုးထည့်လိုက်ပြီး​နောက် ပတ်​ဆောင်ဟွန်းတစ်​ယောက် အ​မေဖြစ်သူနား​လျှောက်သွားလိုက်​လေသည်။

[Sir, My Heart Is Skipping Again]Where stories live. Discover now