[4]

674 108 3
                                    

Unicode

​ကျောင်းနားတဲ့ရက်​တွေပြီးသွား​တော့
ပျင်းစရာ​ကောင်းတဲ့အတန်းချိန်​တွေကို
တဖန်ဖြတ်သန်းရန်အချိန်ကျ​ရောက်လာ​​တော့သည်။

"အတန်း၃က​​ကောင်​တွေနဲ့သာ တပွဲ​လောက်ထပ်ချဲလိုက်ချင်တယ်"

နားမလည်တဲ့ သင်္ချာအိမ်စာကိုကူး​နေရင်း
ဂျုံ​ဆောင်း၏မ​ကျေမနပ်ညည်းညူသံ

ပတ်​ဆောင်ဟွန်း၏အာရုံ​တွေက​တော့ စာထဲတွင်ရှိမ​နေခဲ့
​​ဘောပင်အားလက်ထဲတွင်​ေ၀့ပတ်ကာ ​ဆော့​နေရင်း
ပျင်းတိပျင်းရွဲဖြင့် ငြိမ်သက်စွာထိုင်​နေခဲ့သည်။

"​ဆောင်ဟွန်း.. နင်..နင့်လက်သက်သာလားဟင် "

ရုတ်တရက် ခုံ​ရှေ့တွင်လာရပ်​သောတစ်စုံတစ်​ယောက်​ကြောင့် သူ၏ပျံ့လွင့်​နေ​သောအာရုံတို့က
မူလ​နေရာသို့ရုတ်ချည်းပြန်​ရောက်လာခဲ့သည်။

မ​အေးစက်လွန်း​သော်​လည်း ​နွေး​ထွေးမှုလည်း
သိပ််မပါ​သော မျက်နှာမျိုးနှင့်ပင် သူ့ခုံ​ရှေ့မှ ​ကောင်မ​လေးကိုသူ​မော့ကြည့်လိုက်မိ​လေသည်။

"အင်း."

တုံးတိ​သော​ဖြေသံ

​ကျောင်းသူ​ကောင်မ​လေးမှာ အနည်းငယ်ရှက်ရွံ့သွားပုံ​ပေါ်​သော်လည်း ထို​အေးစက်မှုမျိုးကို ​နေသားကျ​နေသည့်နှယ် အဆုံးစွန်ဆုံးအထိ ပြုံးထားဆဲဖြစ်ကာ သူမ၏လက်ထဲတွင်ဆွဲလာ​သော စက္ကူအိတ်​လေးတစ်အိတ်အား သူ့ထံထိုး​ပေးလာခဲ့ပြန်သည်။

"ဒါ​လေးက.. အနာကပ်ပလာစတာရယ်၊
အနာကျက်​ဆေးရယ်၊ တခြားအမာရွတ်ကျန်ရင် လိမ်းတဲ့​ဆေး​​တွေ၊ ငါ​သေချာ​တွေးပြီး ၀ယ်လာခဲ့​ပေးတာ၊ နင်လိုအပ်တဲ့ချိန်ကျရင်သုံးရ​အောင်"

နဂိုတည်းမှအိမ်စာ​​ရေးရတာ အာရုံမလာသူ ပတ်ဂျုံ​ဆောင်းကလည်း မျက်စိ​ရှေ့မှ ပြဇာတ်ကို လက်လွတ်မခံနိုင်သည့်နှယ် မချိုမချဥ်မျက်နှာ​ပေးနှင့် ​မေး​ထောက်ပြီး​တော့ကိုကြည့်​နေသည်မို့ မိန်းက​လေးမှာလည်းရှက်ရွံ့လာသည့်အပြင် ​ပတ်​ဆောင်ဟွန်းမှာလည်းဘေးခုံမှသူငယ်ချင်းဖြစ်သူကိုထရိုက်ချင်လာမိသည်အထိ၊

[Sir, My Heart Is Skipping Again]Where stories live. Discover now