[6]

639 111 1
                                    

Unicode

​အ​ဆောင်စွန်းက စတိုခန်းထဲဘာ​တွေကုန်းကုန်းကွကွလုပ်​နေမှန်းမသိတဲ့ ဆရာ၀န်​လေးကို​တွေ့ချိန်မှာ သူ၏​ဘောလုံးကစားမည့်အစီအစဥ်ကိုဖျက်လိုက်​တော့သည်။

သူငယ်ချင်း​ကောင်းများရဲ့ကျိန်ဆဲသံကိုလျစ်လျူရှုလျက် ထိုဆရာ၀န်​လေး၏ လက်ထဲမှ ကတ်ထူပုံးကို
သွက်လက်စွာပင်လွှဲ​ပြောင်းယူလိုက်​တော့ အံ့သြသွားပုံရ​သော မျက်လုံး​လေး​တွေကသူ့ထံချက်ချင်း​ရောက်လာခဲ့သည်။

ပြီး​တော့ ​ကျေးဇူးဆိုတဲ့​လေသံတိုးတိုး​လေး၊

"ဒီမှာဘာလုပ်​နေတာလဲ"

"Stethoscopeပျက်သွားတာ၊ အဲဒါ အသစ်တစ်ခုက ပုံးတစ်ခုထဲထည့်ထားမိသလိုပဲမို့လို့​လေ၊ အခုအခန်းထဲမှာရှာတာမ​တွေ့လို့ ဒီထဲများ​ရောက်​နေမလားလို့ ကြည့်ကြည့်​နေတာ"

"​သြော် "

သူ​ခေါင်းအသာငြိမ့်လိုက်သည်။

"ဒီလိုပုံး​တွေထဲမှာပဲထည့်ထားမိတာလား"

"အင်း ပုံးထဲမှာကစာအုပ်​တွေလည်းထည့်ထားမိ​သေးတယ် "

ပတ်​ဆောင်ဟွန်းလည်း လက်ထဲကပုံးကိုချပြီး
အခန်းတစ်၀က်စာ ပြည့်​အောင်စီထား​သော ပုံး​တွေကြားထဲ Stethoscopeရှာပုံ​တော်ဖွင့်ရ​တော့သည်။

ဆရာ၀န်​လေးက​တော့ သူ၏အကူအညီကို​ကျေနပ်စွာလက်ခံရင်း သူကိုယ်တိုင်လည်း ပုံး​တွေကြားထဲ​ခေါင်းမြုပ်ကာ စတင်ရှာ​ဖွေ​တော့သည်။

စတိုခန်းမှာ မကြာခဏသန့်ရှင်း​ရေး၀င်​ပေးတတ်တာ​ကြောင့် အရမ်းညစ်ပတ်မ​နေ​သော်လည်း ထုံးစံအတိုင်း ဖုန်​တွေက​တော့ရှိဆဲပင်၊

ရှပ်အင်္ကျီဖြူလေး၀တ်ထား​သော ကင်​ဆောနူကိုသူလှည့်ကြည့်လိုက်မိသည်။

အိုက်တာ​ကြောင့်ဖြစ်လိမ့်မည်

ဖြုတ်ခံထားရ​သော အ​ပေါ်ဆုံးကကြယ်သီးနှစ်လုံးက
ဖြူ​ဖွေး​သောလည်တိုင်နှင့် နူးညံ့ပုံ​ပေါ်​သော ညှပ်ရိုး​လေးများကိုမဖုံးကွယ်​ပေးနိုင်​ခဲ့ချေ။

စတိုခန်း၏ပြတင်း​ပေါက်မှတိုး၀င်လာ​သော ​နေ့လည်ခင်း၏အလင်း​ရောင်​တန်းများတွင် ​လေထုထဲမှ
ဖုန်မှုန့်​လေးများကို​ပင်​ကောင်း​ကောင်းမြင်​​နေရသည်။

[Sir, My Heart Is Skipping Again]Where stories live. Discover now