[7]

628 113 2
                                    

Unicode

စာ​မေးပွဲ၏ဖိအားနှင့် စာသင်ချိန်တင်းကြပ်မှု​တွေကြား ​ကောလဟလများက​တော့ သူ့အလိုလိုပဲဆိတ်သုန်းသွားခဲ့ပါသည်။

​လာမည့်၂လထဲတွင်​ဖြေရ​တော့မည့် အတန်းတင်စာ​မေးပွဲအတွက် လူတိုင်းဖိဖိစီးစီး ကြိုးစား​နေကြပါ​သော်လည်း သူ၏စိတ်တို့က​တော့ တစက်​လေးမျှ စာ​မေးပွဲအ​ပေါ် အာရုံစိုက်မရခဲ့ပါ​ချေ။

Self- studyချိန်မို့ အတန်း​ခေါင်း​ဆောင်သာလျှင် အတန်းထိန်းရန်ရှိ​နေသည်မို့ စာလုပ်သည် မလုပ်သည်မှာမိမိသ​ဘောသာ၊ မည်သူ့မျက်နှာမှကြည့်​နေရန်မလို​ချေ။

ပတ်ဂျုံ​ဆောင်းက ပီ​ကေကိုအသာ၀ါးလျက်
Physicsတွက်စာတစ်ပုဒ်အားမျက်​မှောင်ကျုံ့လျက်
ကြည့်​နေခဲ့သည်။

​ဘေးခုံမှ စားပွဲကိုတ​တောက်​တောက်​ခေါက်​နေသံ​ကြောင့် သူလည်းအာရုံ​နောက်လာပုံပင်၊

"​နားညီးတယ်​ဟိတ်​ကောင် ​တော်လိုက်​တော့ "

ပတ်ဂျုံ​ဆောင်းက သူ့ထံလှမ်း၍​ငေါက်လာချိန် သူလည်းစားပွဲ​ပေါ်သို့ လက်ထဲက​ဘောပင်အား သည်အတိုင်းပစ်ချလိုက်​တော့သည်။

"ပတ်​ဆောင်ဟွန်း ဘာ​တွေဖြစ်​နေတာလဲ မင်း ၊ တစ်​ယောက်​ယောက်ဆီကရန်စခံထားရတာလား ၊ "

ခုံတွင် ခပ်​လျှော​လျှောထိုင်ရင်း မျက်​မှောင်ကျုံ့​နေဆဲဖြစ်​သော သူငယ်ချင်းဖြစ်သူအား စိတ််မရှည်စွာ​မေးလိုက်၏။

ဒီ​ကောင်ဘာ​တွေဖြစ်​နေမှန်းမသိ ၊

ပတ်​ဆောင်ဟွန်းရဲ့မျက်နှာက အရင်ကတည်းက ​အေးတိ​အေးစက်နဲ့ အမြင်ကတ်စရာ​ကောင်းပြီးသားဆို​ပေမယ့် အခုရက်ပိုင်းက တကယ်ဆွဲထိုးချင်စရာကို​ကောင်း​နေတာ၊

အဲဒီ​ဆေးခန်းက ဆရာ၀န်​လေး​ရောက်လာပြီးကတည်းက ပုံမှန်ကိုဟုတ်မ​နေ​တော့တာ၊

"ဘာကိစ္စလဲလို့ "

ပတ်​ဆောင်ဟွန်းက နဖူး​ရှေ့မှဆံပင်​တွေကို စိတ်မရှည်စွာသပ်တင်လိုက်သည်။

"မင်းမသိပါဘူး "

"မသိလို့​မေး​နေတာ​​လေ ​ခွေးမျိုးရဲ့"

[Sir, My Heart Is Skipping Again]Where stories live. Discover now