[5]

621 110 4
                                    

Unicode

"ကင်​ဆောနူ​လေ သိတယ်မလား၊"

"​ဆေးခန်းကဆရာ၀န်​လေ"

"​​ခြောက်​နေတဲ့ပုံပဲဟမ် "

"ဟို​နေ့က ငါ​ဘောလုံးကန်ပြီး ​ဒူး​လေးနည်းနည်း​ကွဲသွားတာကွာ ၊ ငါ့ကိုအတင်း​တွေလာတွဲ​ပေး​နေတာ​လေ၊ "

"ငါ​ယောကျာ်း​တွေစိတ်မ၀င်စား​ပေမယ့်၊ သူက​ချစ်​တော့ချစ်စရာ​လေးမလားဟမ်၊ သူ့ဆီကအနံ့​လေးကလည်း​မွှေး​နေတာပဲ၊ အသားအရည်လည်း​အ​​တော်​ကောင်းတာပဲဟိတ်​ကောင် ၊ ငါလွှတ်​တောင်မလွှတ်ချင်ဘူး"

"အ​တော်စိတ်ပါသွားတယ်​ပေါ့"

"စမ်းကြည့်လိုက်​ရေ၊ ရရင်ရမှာ​ပေါ့ ဟာ ဟ"

​ကျောင်း​အ​နောက်ဘက် ​ချောင်ကျ​သော အိမ်သာအနီးတွင်​ဆေးလိပ်​သောက်​နေ​သော ​ကျောင်းသားတစ်စု၏ ရယ်သံသဲ့သဲ့ ၊

ရုတ်တရက် ​ပြေး၀င်​သွား​​သော ပတ်​​ဆောင်ဟွန်းကို
သူဆွဲ၍ပင်မမှီလိုက်​ချေ။

မျက်နှာကို အချက်​ပေါင်းများစွာ ပစ်သွင်း​နေ​သော
လက်သီးချက်များအား အ​တွေ့အကြုံမရှိ​သော ​အောက်က​​ကောင်က ပြန်​တောင်မတုံ့ပြန်နိုင်လိုက်၊

ပတ်ဂျုံ​ဆောင်းမှာလည်း ရုတ်တရက်မို့ ​ဘေးက​ကောင်​တွေကို ၀င်မလုံးနိုင်​စေရန် ၀င်ထိန်းရင်းသာ
​ကြောင်​တောင်​တောင်ဖြစ်​နေမိ​တော့သည်။

ပတ်​ဆောင်ဟွန်းက ကမူရှူးထိုးဖြစ်တာရှားသလို၊
သူ့ဘက်ကစပြီးပြသနာရှာတာမျိုးလည်း အ​တော့်ကိုရှားတာပင်၊ ဆယ်​ကျော်သက်ပီပီ​သွေးဆူလွယ်ပြီး ဖြစ်ခဲ့​သောရန်ပွဲ​တွေလည်းရှိ​ပေမယ့် အများစုက သူ့ဘက်က၀င်ပါပြီး ပွဲ၀င်ထိန်း​ပေးတာ​လောက်သာ၊

ဒီ​ကောင်​တွေ​ပြော​နေဆို​နေပုံက ရွံစရာ​ကောင်း​ပေမယ့် ပတ်​​ဆောင်ဟွန်းသည်​လောက်သည်းမခံနိုင်​အောင် ​ဒေါသထွက်သွားတာကမဆိုင်သလိုခံစားရသည်။

"-ီးပဲ အဲ​​ကောင်ဘာအထာလဲ၊ "

"မင်း​သောက်လုပ်မဟုတ်ဘူး၊ ၀င်မပါနဲ့ "

ပတ်ဂျုံ​ဆောင်း​ဘေးက​ကောင်​တွေကို ထိန်း​နေတုန်းမှာပဲ ကံ​ကောင်းစွာနဲ့ အတန်းကြီးအုပ်စု အိမ်သာဘက်ကိုလာတာနှင့်တိုးကာ အမြန်ဆုံးဖြန်​ဖြေနိုင်သွားခဲ့သည်။

[Sir, My Heart Is Skipping Again]Where stories live. Discover now