Part 1

437 28 0
                                    

မနက်ခင်း၆နာရီလောက်မိုးအေးအေးလေးထဲမှာယူဂျင်းတစ်ယောက်အိပ်ယာထဲမာစောင်လေးခြံုပြီးအိပ်ကောင်းနေဆဲ အိမ်မက်လေးထဲယူဂျင်းမသိတဲ့လူတစ်ယောက်ကယူဂျင်းအရမ်းကြိုက်တဲ့peach candyလေးတွေကိုယူဂျင်းအားလာပေးသောကြောင့်ပျော်မိနေဆဲအချိန်မှာ.....

"ဟန်ယူဂျင်းးးး!!မထသေးဘူးလားဟမ် ဒီနေ့uniစတက်ရမှာကို နောက်ကျချင်လို့လားမြန်မြန်ထပြီးပြင်ဆင်တော့!!"

အောက်ထပ်ကအမေ့အော်သံကြောင့်ယူဂျင်းခမျာမထချင်ပဲထပြီးပြင်ဆင်ရတော့သည်။ ဒီနေ့ကယူဂျင်းuniစတက်ရမည့်နေ့ ယူဂျင်းကmusicalဘက်ကိုဝါသနာပါသောကြောင့်planet university ကိုရွေးချယ်ခဲ့တယ် ဝါသနာပါရာကိုတက်ခွင့်ရသော်လည်းတခြားဘာသာရပ်များကိုလေ့လာရအုန်းမည် အခုတော့ယူဂျင်းတစ်ယောက်အမေအော်သံထပ်မကြားခင်အမြန်ဆံုးပြင်ဆင်ကာမနက်စာစားရန်အိမ်အောက်ဆင်းရမယ်။

ထမင်းစားခန်းထဲမဝင်ခင် အမေယူဂျင်းတွက်အမြဲလုပ်ပေးတတ်သည့်toastsကနှာခေါင်းထဲဦးစွာဝင်လာတယ် ယူဂျင်းမေမေသည်ယူဂျင်းအတွက်တော့အားကိုးရာဖြစ်တာကြောင့်အမေ့ပါးကိုတစ်ချက်မွှေးနမ်းလိုက်သည်

"သား ယူဂျင်းလေး ဝဝစားသွားနော် ကျောင်းရောက်ရင်လည်း သူငယ်ချင်းများမျာရထားအုန်း အရင်ကလိုစကားနည်းမနေနဲ့ ကြားလား"

"အမေကလည်းဗျာ သားကလေးမှမဟုတ်တော့တာ သူငယ်ချင်းကအများကြီးထားစရာလည်းမလိုပါဘူး ထယ်ရယ်ဟျွန်းလည်း သားနဲ့ကျောင်းတူတာပဲ"

"အေးပါကွယ် အမေကစိတ်ပူလို့ပြောတာ ကျောင်းအသစ်ဆိုတော့နေရာစိမ်းဖြစ်နေမှာ မသိရင်စီနီယာတွေကိုမေးအုန်း"

"ဟုတ် သားစားဝပြီးအမေ နေ့လယ်စာကိုကန်တင်းမှာပဲထယ်ရယ်ဟျွန်းနဲ့ပဲတူတူစားတော့မယ် အခုကျောင်းသွားတော့မယ် နောက်မကျချင်ဘူး"

"အေးအေး ဂရုစိုက်သွား busနံပါတ်မမှားစေနဲ့နော် စာအုပ်တွေလည်းသေချာစစ်သွား ထီးလည်းယူသွားအုန်း"

"ဟုတ်ကဲ့ပါဗျာ အမေကလည်းကျွန်တော့်ကိုမူကြိုကလေးလိုလာလုပ်နေတယ်ဟွန့်"

Peach CandyWhere stories live. Discover now