Part 3

164 21 7
                                    

စာသင်ချိန်တွေဟာတစ်ချိန်ပြီးတစ်ချိန်ပြီးဆံုးလာနေလေသည် ယူဂျင်းတို့ဟာလည်းအတန်းချိန်များဆက်နေ၍နားချင်နေကြပြီး ယူဂျင်းတို့နေရသောယခုကျောင်းသည် ပညာရေးပိုင်းတွင်အထူးကြပ်မတ်ပြီး အနုပညာပိုင်းတွင်လည်းထူးချွန်အောင်သင်ကြားပေးပါသည်။

ဂယူဗင်းနာရီကိုခနခနကြည့်နေမိသည် ကျောင်းဆင်းချိန်ကြရင်ယုန်ဖြူလေးကိုလိုက်ရှာရမည်ပြီးရင်နှုတ်ဆတ်မည် ဟူ၍ခေါင်းထဲအစီစဉ်များချနေသည် ထို့နောက်ဂယူလည်းအခန်းထဲမျက်စိဝေ့ကြည့်မိတော့ နေ့လယ်စာစားတုန်းယူဂျင်းလေးနဲ့တူတူတွေ့ခဲ့တဲ့ ထယ်ရယ်ဆိုတဲ့တစ်ယောက် အပီအပြင်ကိုအိပ်နေလေသည် ဘေးကရစ်ခီကလည်းစာအုပ်တစ်အုပ်ဖြင့်သင်သမျှကိုအသေလဲလိုက်မှတ်နေလေသည် စိတ်ထဲတွင်ဒီကောင်ကစာဂျပိုးလုပ်တော့မလားဟု လိုက်တွေးနေလိုက်သည်။

ခနအကြာတွင်အတန်းဆင်းချိန်ခေါင်းလောင်းသံကြား၍ ဂယူဗင်းဒီတိုင်းထုတ်ထားမိသောစာအုပ်များကိုကောက်သိမ်းပြီး သကြားလံုးခွံပါသိမ်းခဲ့လိုက်သည် ထို့နောက်ရစ်ခီနဲ့တူတူအခန်းပြင်သို့...

"ဟျွန်း ကျွန်တော်ဒီမှာ..ဒီမှာ"

ယူဂျင်းအဆောင်ဝမှာထယ်ရယ်ဟျွန်းကိုစောင့်နေလိုက်သည် ထယ်ရယ်ဟျွန်းကိုတွေ့လို့လှမ်းခေါ်တော့ လမ်းကို​စတိုင်လ်ကျကျလျှောက်လာတဲ့အရပ်မြင့်မြင့်နဲ့လျှောက်လမ်းလာသော ထိုလူကြီး...ယူဂျင်းရဲ့ရင်ထဲမှာနွေးထွေးမှုကိုခံစားနေသလိုလို မဖြစ်ဘူး မြန်မြန်ဒီနေရာကထွက်သွားရမယ် ထိုလူကြီးယူဂျင်းကိုတွေ့လို့စကားလာပြောနေပါက ယူဂျင်းတွက်အဆင်မပြေနိုင်ပါ...(သူလေးရင်ခုန်နေတာ🤭)

ထို့ကြောင့်ထယ်ရယ်ဟျွန်းကိုမြန်မြန်လာရန်ခေါ်လိုက်သော်လည်း ဟျွန်းကအေးဆေးပဲလျှောက်လာလေသည် ထိုအချိန်...

"ယူဂျင်းနီးးးးး"

ဆိုပြီးအော်သံကြောင့်ယူဂျင်းမျော်လင့်ချက်တွေပျက်စီးသွားရလေသည်။

"ယူဂျင်း ယူဂျင်း အိမ်ပြန်တော့မလို့လား ကိုယ်တို့လည်းပြန်တော့မယ် တူတူပြန်ကြမယ်လေ ယူဂျင်းဟိုတစ်ယောက်ကိုစောင့်နေတာလား ကိုယ်လည်းတူတူစောင့်ပေးမယ်လေ"

Peach CandyWhere stories live. Discover now