Part 4

156 25 2
                                    

1 week later,✨
ယူဂျင်းနဲ့ဂယူဗင်းတို့နှစ်ယောက်တစ်ဖြည်းဖြည်းနီးစပ်သလိုခံစားလာရသည် တစ်ပတ်အတွင်းမှာဂယူဗင်းကယူဂျင်းဆီကနေ့တိုင်းသွားသည်မတွေ့ရင်အဆောင်ရှေ့မှာလာစောင့်လေ့ရှိသည် ယူဂျင်းကတော့ဂယူ့ကိုမြင်တိုင်းပတ်ပြေးသလိုလိုနဲ့ရှောင်တတ်သည် ကြားထဲကထယ်ရယ်နဲ့ရစ်ခီကတောင်ပြေးမြောက်ပြေးဖြစ်ရလေသည်...

ဂယူတစ်ပတ်အတွင်းကြိုးစားမှုကြောင့်သိလိုက်ရသည်ကသကြားလံုးအခွံလေးတွေပြန်မသိမ်းပဲဒီတိုင်းထားသွားတတ်တဲ့လူဆိုးလေးကတော့ဟန်ယူဂျင်းဆိုတဲ့လူသားလေးပင်...

ဒီနေ့ကယူဂျင်းအမေမွေးနေ့ ..အိမ်မှာမေမေကသူမမွေးနေ့အတွက်စားသောက်ဖွယ်ရာများပြင်နေပြီးမသိမိတ်ဆွေများအတွက်တော့ပါဆယ်ထုပ်များဖြစ်ပို့မည်ဖြစ်သည်။ ယူဂျင်းကရော အမေ့အသိများကိုစားစရာများပို့ပေးရန် ထိုင်စောင့်နေတုန်း..

~You've got changed Over me, over me,over me
Tonight we finally Over me, over me, over me~

ယူဂျင်းဖုန်းမြည်လာသည်။ ဘယ်သူခေါ်လည်းကြည့်တော့ ဖုန်းနံပါတ်ရပြီးကတည်းကဖုန်းတစ်ဂီဂီဆက်သော ဂင်ဂယူဗင်းဆိုတော့လူကြီး ဖုန်းနံပါတ်ရဖို့အရေး သူ့အရေးဖြစ်နေတော့ ယူဂျင်းလည်းမြန်မြန်ပေးလိုက်အေးရော သဘောဖြစ်သာပေးလိုက်သော်လည်း တစ်ချိန်လံုးဆက်လိမ့်မည်ဟုမထင်ခဲ့..

Days of asking for his phone number...

"ယူဂျင်းလေး ကိုယ့်ကိုဖုန်းနံပါတ်လေးမမေးချင်ဘူးလား ကိုယ်တို့လည်းရင်းနှီးနေကြပြီဟာ ကိုယ့်မှာထယ်ရယ်နံပါတ်တောင်ရှိနေပြီ"

"အဲ့ဒါကခင်ဗျားတို့ကအတန်းတူတယ်လေ ပြီးတော့တစ်ခုခုပြောစရာရှိရင် ထယ်ရယ်ဟျွန်းနဲ့ပြောခိုင်းလိုက်ပေါ့"

"ဟာ ယူဂျင်းလေးကလည်း ကိုယ်က ယူဂျင်းနဲ့ပဲပြောချင်တာလေ"

"ကျွန်တော်တော့မပြောချင်ပါဘူး"

"ဟူးးး"

လို့သက်ပြင်းတစ်ချက်ချရင်းဂယူအကြံတစ်ခုရသွားသည် ချက်ချင်းပဲယူဂျင်းကို

"ယူဂျင်းလေး ဒီမှာခနစောင့်နော် ဟျွန်းချက်ချင်းပြန်လာခဲ့မယ် ခနပဲ ခနပဲ"

Peach CandyWhere stories live. Discover now