Part 2

167 21 10
                                    

ကျောင်းအုပ်ကြီးရဲ့ဟောပြောခြင်းသည်တော်တော်နဲ့မပြီးအကြာကြီးပင် စာသင်ချိန်ပေါင်းရင်သံုးချိန်ဆာပင်ရှိသည်။ ဂယူဗင်းတစ်ယောက်မရပ်ချင်တော့ပေ ခြေထောက်ကတော်တော်ကိုညောင်းနေပြီး သို့သော်လှုပ်လှုပ်ရှားရှားကြီးလဲမနေရဲ ဆရာဆရာမအားလံုးကမျက်စိဒေါက်ထောက်လိုက်ကြည့်နေတာကြောင့်နည်းနည်းတော့ကြောက်ရသည်။

ထိုအချိန်လံုးဝအငြိမ်မနေနိုင်တော့တာကထယ်ရယ် ခြေထောက်ကိုဟိုဘက်ရွေ့လိုက်ဒီဘက်ရွေ့လိုက်နဲ့ အရပ်မမြင့်လို့သာဆရာမတွေမမြင်ရတာ မဟုတ်ရင်တော့အပြောခံရပြီလေ ရစ်ခီတစ်ယောက်သူ့ရှေ့ကအငြိမ်မနေနိုင်သူကြောင့် စုတ်တစ်ချက်သတ်လိုက်မိတယ် ထို့နောက်ရစ်ခီပါးစပ်ကလွှတ်ကနဲ့..

"မျက်စိနှောက်လိုက်တာ"

ရစ်ခီသိပါသည် အရှေ့ကတစ်ယောက်သူ့ကိုရန်ပြန်တွေ့တော့မယ်ဆိုတာ ဟောခန်းဘယ်နားလဲမေးကတည်းကအချိုးမပြေနေတာ..

ရစ်ခီပြောပြီးပြီးချင်းမကြာလိုက် ရစ်ခီရှိရာအနောက်ဘက်ကိုတစ်ဖြည်းဖြည်းချင်းslow motion နဲ့လှည့်လာပြီးပါးစပ်တစ်ခြမ်းကိုရွဲ့ထားပြီးရစ်ခီကိုသတ်တော့မဲ့အတိုင်းကြည့်နေကာ..

"မင်းကဘယ်သူ့ကိုမျက်စိနှောက်တာလဲ?"

"မင်းကိုလေ တစ်ချက်လောက်ငြိမ်ငြိမ်နေပါလား"

"ငါ့ဟာငါနေချင်သလိုနေမယ် ဘာမှလာမပြောနဲ့"

ရစ်ခီတစ်ယောက်ပြောစရာကုန်သွားသည် အရှေ့ကတစ်ယောက်ကလည်းသူ့နေရာသူပြန်လှည့်သွားသည်။ ယူဂျင်း ထယ်ရယ်ဟျွန်းဘယ်နားမှာလဲရှာဖို့စီနီယာဘက်လိုက်ကြည့်ရင် ခနကသူ့ကိုစကားလာပြောတဲ့ အမြင်ကပ်စရာလူကြီးကို သူ့ကိုပြံုးဖြီးပြနေတာကြောင့်မြန်မြန်မျက်နှာလွှဲလိုက်ကာ ထယ်ရယ်ဟျွန်းကိုပဲဆက်ရှာနေလိုက်တယ် စိတ်ထဲတွင်တော့ဒီလူကြီးစိတ်မနှံ့ဘူးလားမသိဟုတွေးနေတုန်း ဟော တွေ့ပါပြီ အနောက်ကအရပ်မြင့်မြင့်အသားဖြူဖြူခပ်ချောချောလူတစ်ယောက်ကို ရန်ပြန်တွေ့နေပံုရတဲ့ ပြိုင်ဖက်မရှိထယ်ရယ်ဟျွန်း...

ကျောင်းအုပ်ကြီးဩဝါဒခြွေပြီးချိန်သည် နေ့လယ်စာစားချိန်တောင်နီးနေပြီး ဒါကြောင့်ကျောင်းသွားများအားပထမဆံုးရက်မလို့လွတ်လွတ်လက်လပ်ပေးနေကြသည် ညနေပိုင်းတော့စာသင်ရမည်ဖြစ်သည်။
ကျောင်းသားအားလံုးဟောပြောခန်းထဲကထွက်နေကြတုန်း ယူဂျင်းကအရင်ထွက်ထား၍ထယ်ရယ်ဟျွန်းကို အဆောင်ဝမှာရပ်စောင့်နေမိတယ် ခနအကြာယူဂျင်းဆီကိုအူယားဖားယားပြေးလိုက်ပြီး

Peach CandyWhere stories live. Discover now