Part 6

110 15 1
                                    

Planet martတွင်တော့ဂယူဗင်းတစ်ယောက် ယူဂျင်းရဲ့another sideကိုမြင်လိုက်ရသလိုပါပဲ တစ်ခုပြီးတစ်ခုဝယ်နေတာမပြီးဘူး ဂယူဗင်းလက်ထဲမှာလည်းအထုတ်တွေများနေပြီး ဒါတောင်ဒီကောင်လေးက..

"ဒီအရသာ၂ခု ဘယ်ဟာပိုကောင်းမယ်ထင်လား?"

"ဟမ် ယူဂျင်းလေးကြိုက်တာစားလေ မဟုတ်လည်း၂ခုလံုးယူလိုက်"

"၂ခုလံုးကမကုန်ဘူးလေ"

ဟုပြောသော်လည်းဂယူ့လက်ထဲကမုန့်ထုပ်တွေကရော ကုန်မှာမို့လား။

"ဒါဆို ဒီဟာလေးယူကြည့် စားကောင်းမယ့်ပံုလေးပဲ"

"ဒါဆို ဟိုဟာယူလိုက်မယ်"

"ဟာ..ယူဂျင်းး"

ဂယူ့ကိုရွေးခိုင်းသော်လည်းမိမိယူချင်သာတာယူသွားသူလေးး

ထို့နောက်လိုချင်တာတွေရသွားပြီးဂယူလည်းပိုက်ဆံသွားရှင်းတော့ယုန်ဖြူလေးတစ်ကောင်ကဘေးကကပ်ပါလာပြီး ကောင်တာကပီကေတစ်ကဒ်ပါထပ်ယူလိုက်သေးတယ် ဂယူဗင်းလည်းစိတ်ကြိုက်သာပေးလုပ်ထားလေသည် ထို့နောက်ပိုက်ဆံရှင်းပြီးတော့

"အဟမ်းး ဟိုဟာအထုတ်တွေဝိုင်းသယ်ပေးမယ်လေ ခင်ဗျားတစ်ယောက်ထဲဆိုများနေမှာ ကျွန်တော်ကားပါကင်မှာစောင့်နေမယ်"

ဆိုပြီးအထုတ်တစ်ဝက်လောက်သယ်ပြေးသွားလေသည် ဂယူလည်းပြံုးပြံုးဖြစ်သာလိုက်ရလေသည်။ကောင်တာကဝန်တမ်းမလေးကလည်းပြံုးစိစိဖြစ်သာ...

2 weeks later,
ဂယူဗင်းတစ်ယောက်ပျောက်ချက်ကောင်းနေတာ၂ပတ်လောက်ရှိပြီဖြစ်တာကြောင့်ယူဂျင်းလည်းမမျှော်ဘူးပြောရင်လိမ်ရာကျမယ် ယူဂျင်းထိုလူကိုသတိရပါသည် ကျောင်းစတက်ကတည်းကအနားကတကောက်ကောက်လိုက်တတ်သူကချက်ချင်းဆိုသလိုပျောက်သွားသည်မှာယူဂျင်းစိတ်ထဲထူးဆန်းလှပေသည် ပြန်တွေ့မှထိုလူကိုသင်ခန်းစာကောင်းကောင်းပေးရမယ်လို့မှတ်ထားလိုက်တော့သည်

တီ တီ တီ..

"ယူဂျင်းရေ ဖုန်းကိုင်လိုက်ပါအုန်း အမေမအားသေးလို့ကွယ့်"

အမေကမီးဖိုချောင်ထဲကအော်နေတာမို့ယူဂျင်းလည်းဂိမ်းဆော့နေရာကထပြီးဖုန်းကိုင်လိုက်တော့သည်။

You've reached the end of published parts.

⏰ Last updated: Apr 10 ⏰

Add this story to your Library to get notified about new parts!

Peach CandyWhere stories live. Discover now