Part 5

191 18 3
                                    

ဂယူဗင်းရဲ့ကားလေးဆီယူဂျင်းနေထိုင်တဲ့အိမ်ရှိရာလမ်းကလေးဆီသို့ဖြည်းညင်းစွာကွေ့ဝင်သွားသည် လမ်းလေးမှာသန့်သန့်ရှင်းရှင်းဖြင့် တိတ်ဆိတ်ငြိမ်သက်လေသည် ဂယူအမြင်မှာတော့လူချမ်းသာများနေထိုင်ရာအရပ်ကဲ့သို့အိမ်များမှာလည်းထည်ထည်ဝါဝါ ဂယူလည်းယူဂျင်းအိမ်ကိုဆက်လက်ရှာဖွေရာ...ဟောတွေ့လေပြီး ယုန်ဖြူလေးရဲ့အိမ်ဖြစ်မှာသေချာသည် ဘာကြောင့်လဲဆိုတော့ခြံရှေ့မီးတိုင်အောက်မှာယုန်ဖြူလေးတစ်ကောင်ရပ်စောင့်နေလေသည်.......

ကျွီ...(ကားရပ်သံ)

ယူဂျင်းရှေ့ကားနက်လေးတစ်စီးလာရပ်ပြီး မှန်ချကာ...

"ယူဂျင်းလေးးကိုယ့်ကိုစောင့်နေတာမလား"

"အွန်း အမေကခင်ဗျားအိမ်မှားမှာဆိုးလို့စောင့်ခိုင်းထားတာ အခုခြံထင်ဝင်တော့ဗျာ ကျွန်တော်အကကာကြီးရပ်စောင့်နေရတာ ခြေထောက်ညောင်းနေပြီ"

"ဟုတ်ပြီဗျာ"

ဂယူကားရပ်ပြီးဆင်းသောအခါဘေးမှာယုန်ဖြူလေးကရပ်နေပြီးး

"ခင်ဗျားကိုအမေစောင့်နေတယ်"

"ဗျာ"

"ခင်ဗျားဘာဖြစ်နေတာလဲ အမေကကျွန်တော့်စီနီယာမို့လို့တွေ့ချင်နေတာ လာဗျာ"

ဟူ၍ဂယူလက်ကို လက်ဖြူဖြူသွယ်သွယ်လေးကဆွဲကိုင်ကာအိမ်ထဲသို့ဂယူအားဆွဲခေါ်မှုကိုပြုလေသည် ထိုခဏမှာဂယူရင်ထဲကအကောင်ငယ်လေးအငြိမ်မနေတော့ ကမ္ဘာအပြင်ဘက်ကိုတောင်ခုန်ထွက်သွားမလားစိတ်ပူရတယ် ဒီကောင်လေးသူ့ကိုပြုစားနေတာပဲ မဖြစ်တော့ဘူး ကြာရင်ကိုယ့်စိတ်တွေက....ယူဂျင်းဆီပဲလွှမ်းမိုးလာတော့မှာ။

"ဟော သားရောက်လာပြီးလား အမေကစောင့်နေတာ ဒီကသားလေးနာမည်ကဘယ်လိုခေါ်သလဲ?"

"ကျွန်တော့နာမည်က ဂင်ဂယူဗင်းပါ အမေလို့ပဲခေါ်တော့မယ်နော် ယူဂျင်းကကျွန်တော့နာမည်တောင်မပြောထားဘူးပေါ့"

ယူဂျင်းထိုလူကြီးကိုတစ်ချက်စွေစောင်းကြည့်လိုက်မိသည် သူကဘာလို့အမေလို့ခေါ်လိုက်တာလဲ သူ့အမေလည်းမဟုတ်ပဲနဲ့ အမေကလည်းဘာမှမပြောဘူးးဟွန့်

Peach CandyWhere stories live. Discover now