အခန်း ၂

72 9 0
                                    

Content warnings: Disturbing Imagery

မှုန်ဝါးဝါးမှတ်ဉာဏ်တစ်ခု သူ့စိတ်ထဲတွင် ထွက်ပေါ်လာလေသည်။ ရှန်လျှိုရှန်းတစ်ယောက် ဒယိမ်းဒယိုင်နှင့်ပင် သူ၏နေရာသို့ လျှောက်လှမ်းသွားလေတော့သည်။

သူ မဟာအမှားကြီးလုပ်မိသွားတာပဲ...

ယွီရှန်ကျင့်စဉ်ဆိုသည်မှာ ဂိုဏ်းအတွင်းမှ ကျင့်ကြံသူများကျင့်ကြံခွင့်ရသောကျင့်စဉ်ပင်ဖြစ်လေ၏။ ယဲ့ပင်းရန်က ထိုကျင့်စဉ်ကို လိုချင်ကြောင်းသိလိုက်ရသဖြင့် သူ(ရှန်လျှိုရှန်း)သည် ထိုကျင့်စဉ်စာလိပ်ကိုခိုးယူ၍ သူ့(ယဲ့ပင်းရန်)အား ပေးခဲ့ခြင်းပင်...

ထိုကိစ္စကို သူ့အနေနှင့် မည်သူမျှမသိအောင်လုပ်ခဲ့သော်လည်း ဘယ်သူသိမှာလဲ ယဲ့ပင်းရန်ကိုယ်တိုင်ကအရှက်မရှိဘဲ၊ ချင်းလင်ဂိုဏ်းဆီအရောက်လာပြီး ထိုကျင့်စဉ်ကိုပြန်ပေး‌ခဲ့သည်။

နေ့တစ်ဝက်မပြည့်ခင်မှာပဲ ထိုကိစ္စဟာ ပျံ့နှံ့သွားလေတော့သည်။

"အမတတစ်ယောက်ဖြစ်နေပါရဲ့နဲ့ အခုလိုမျိုးခိုးယူတယ်...ရှက်စရာကောင်းလိုက်တာ"

"ဘာ? ဘယ်လိုလုပ်များ သူလိုလူကိုအမတလို့ပြောနိုင်ရတာလဲ... ဒီနှစ်တွေမှာ သူ့ကြောင့်နဲ့ပဲ ချင်းလင်ဂိုဏ်းရဲ့ဂုဏ်သတင်းက လုံးဝပျက်စီးနေပြီ...ငါသာ အမတယဲ့ဆိုရင် သူ ဂိုဏ်းကနေထုတ်ပယ်ခံရတာ ကြာနေလောက်ပြီ"
(🌊TN: ဂိုဏ်းချုပ်ယဲ့ကိုဆိုလိုခြင်းဖြစ်သည် ဓားအမတ ယဲ့ပင်းရန်မဟုတ်ပါ)

"တစ်လောကလုံးမှာရှိတဲ့သူတွေလည်း ဒီကိစ္စကိုသိနေကြပြီဆိုတော့ ချင်းလင်ဂိုဏ်းအနေနဲ့ ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို သိချင်နေပြီ... ပုံမှန်ဆိုရင်တော့ ဂိုဏ်းသားတစ်ယောက်ယောက်က အခုလိုမျိုးကျူးလွန်ခဲ့ရင် သူ့ရဲ့ကျင့်ကြံမှုကိုဖျက်ဆီးလိုက်တာက ပေါ့ပါးတဲ့အပြစ်ဒဏ်လို့ပဲပြောကြမှာလေ ရှန်လျှိုရှန်းအနေနဲ့ အမတတစ်ယောက်ဖြစ်နေရင်တောင်မှ သူ့ရဲ့ပြစ်ဒဏ်က တခြားသူတွေနဲ့ အများကြီးကွာခြားနေလို့မဖြစ်ဘူးလေ မဟုတ်ရင် လူတွေရဲ့ပါးစပ်ပေါက်ကို ဘယ်လိုပိတ်နိုင်မှာလဲ?"

"ဟင်း... အရင်ကဆို ရှန်လျှိုရှန်းက တကယ်ကိုပြိုင်ဘက်ကင်းပဲ အခုတော့ ဓားအမတယဲ့အတွက်နဲ့ အရူးတစ်ယောက်လိုဖြစ်သွားတာ စိတ်ပျက်စရာ ဝမ်းနည်းစရာပဲ"

ဗီလိနျရှဈဇှငျးက ပနျးပှငျ့လေးလိုပါလား-Zawgyi (Ongoing)Where stories live. Discover now