အခန်း ၁၉

39 11 2
                                    

“ငါ ချက်ချင်းပဲ သေတော့မလို့ နည်းနည်းလေးပဲလိုတယ်”

ရှန်လျိုရှန်းက သေရည်အိုးကိုသူ၏ သွယ်လျ‌သောလက်ဖြင့်ကိုင်ကာ မျက်လုံးတွင်မျက်ရည်အပြည့်ဖြင့် နှုတ်ခမ်းကိုကိုက်လျက် မက်မွန်ပင်ကိုမှီ၍ အလွန်ဝမ်းနည်းနေပုံပေါ်လေသည်။

မျက်ရည်ကျအောင် ငိုမိတော့မယ်!!!

“အမ်..."
လင်ဟွာမှာ သူသည်ဘယ်အတွက် ဝမ်းနည်းနေသည်ကို နားမလည်သောကြောင့် ခဏကြာအောင်စဉ်းစားမိသည်။

“ပြိုင်ပွဲပြီးသွား‌တော့ ကျိုးရွှမ်လန်ရဲ့မျက်နှာမှာစိတ်ပျက်‌နေတာမျိုး ငါမတွေ့မိလို့ မင်းစိတ်ချလက်ချနေလို့ရပါတယ်”

“ငါ့ရှေ့မှာ သူ့အကြောင်းလာမပြောနဲ့" ရှန်လျိုရှန်းသည် ‌သေရည်တကျိုက်မော့လိုက်ပြီး သူ၏မျက်နှာသည် မူးနေသောကြောင့်လား ဒေါသထွက်လို့လားမသိ နီနေသည်။

သူသည် ခေါင်းကိုအနည်းငယ်ငုံ့လိုက်ပြီး ဆို့နင့်စွာနှင့်ပင်

“ငါအကုန်ဆုံးရှုံးတော့မယ်"

သူ့ရဲ့ကမ္ဘာလေးပျက်စီးသွားရပြီ။

ဝိညာဉ်ကျောက်တုံးတစ်သောင်း! ပန်းထိုးပိုးဖိနပ်တွေကို မနေ့ကမှဝယ်ခဲ့ပြီး ပြိုင်ပွဲမစခင်ပြန်လာခဲ့‌တာလေ။ မဟုတ်ဘူး အခြေအနေကပိုဆိုးသွားပြီ!

ရှန်လျိုရှန်းသည် ငိုချင်‌သော်လည်း ကျစရာမျက်ရည်မရှိတော့သောကြောင့် သေရည်သောက်ပြီးသာ အနားယူချင်ပေတော့သည်။  သူသည် မျက်လွှာချလိုက်သောအခါ မထင်မှတ်ဘဲ စိုးရိမ်မှုနှင့်ပြည့်နေသောအကြည့်နှင့် လူငယ်လေးတစ်ယောက်သည် သစ်ပင်အောက်မှာရပ်၍ သူ့ကိုကြည့်နေခဲ့သည်။

“ရှစ်ဇွင်း"

ရှန်လျှိုရှန်း၏‌သွေးများ ဆူပွက်သွားလေသည်။ ဤကိစ္စနှင့်ပတ်သက်၍ ကျိုးရွှမ်လန်သည် အပြစ်ကင်းစင်ပြီး ရိုက်နှက်၍မရဟုဆိုသော်ငြား သူ့ကိုမြင်လိုက်ပါက ဆုံးရှုံးသွားသည် ဝိညာဉ်ကျောက်တုံးများကို မြင်ယောင်ကာ ရှန်လျိုရှန်းမှာ ဒေါသထွက်ရကာ သူ့ကိုနာကျင်အောင် လုပ်ချင်နေမိသည်။

ခဏမျှအကြာတွင် ရှန်လျိုရှန်းသည် အဝေးသို့ပြေးထွက်ခဲ့‌လေ၏။ 

ဗီလိနျရှဈဇှငျးက ပနျးပှငျ့လေးလိုပါလား-Zawgyi (Ongoing)Where stories live. Discover now