တိတ်ဆိတ်စွာခ်ဳံပုတ္မ်ားထဲတြင္ တစ်စုံတစ်ယောက်သည် တိတ်ဆိတ်စွာပုန်းကွယ်နေပြီး သစ်ကိုင်း၊ သစ်ရွက်များကြားမှ သူ၏အရှေ့တွင်ရှိနေသော သစ်ပင်အောက်မှ လူငယ်လေးကို ကြည့်နေလေသည်။
မင်ထျန်း၏ပါးပြင်သည် အနည်းငယ်နီရဲနေပြီး သူ၏ရင်ဘတ်ထဲမှစာအုပ်ကို ထုတ်လိုက်သည်။ ယင်းစာအုပ်မှာ သူ့ထံတွင်ရှိနေသည်မှာ နှစ်ပေါင်းအတော်ကြာနေပြီးဖြစ်ပြီး စာရွက်များဝါနေကာ အချို့စာလုံးများသည်ပင် မှုန်နေပြီဖြစ်သည်။
သို့သော် သူသည် ထိုစာအုပ်ကို အဖိုးတန်ရတနာတစ်ခုကို ကိုင်ထားသကဲ့သို့ တယုတယဖွင့်လိုက်ကာ ချင်းလင်ဂိုဏ်း၏ ခုနှစ်ဆယ့်သုံးယောက်ယောက်မြောက်တပည့်မျိုးဆက်ဖြစ်သည့် ရှန်လျှိုရှန်း၏အကြောင်းကို အလွယ်တကူလှန်ကာ ဖတ်ကြည့်လိုက်သည်။
ရေးသားထားချက်များအရ ထိုတပည့်သည် အလွန်အံ့သြဖွယ်ကောင်းသော ပါရမီကိုပိုင်ဆိုင်ထားသူတစ်ဦးဖြစ်လေသည်။ မန္တန်ကျင့်ကြံမှုများတွင် သူသည် အခြားသောတပည့်များထက် သာရုံသာမက ဆေးပညာ၊ လေးအတတ်နှင့် ဂီတတို့တွင်ပါ ထူးချွန်နှံ့စပ်သူဖြစ်လေသည်။
တစ်ခါက ထိုသူသည် ထောင်နှင့်ချီသော ဝိညာဉ်မြက်ပင်များ၏ အမည်ကို တစ်ညတည်းနှင့် မှတ်မိနိုင်ခဲ့ပြီး သူဖော်စပ်ခဲ့သော ဝိညာဉ်ဆေးတိုင်းသည် တမူထူးခြားကောင်းမွန်သည်ဖြစ်သော်လည်း အခြေနေအရပ်ရပ်ကြောင့် ထိုအရာကို ဆက်မလုပ်ဖြစ်ခဲ့ပေ။
နောက်ထပ်မှတ်တမ်းတစ်ခုတွင်မူ သူသည်မိုင်ထောင်ပေါင်းများစွာဝေးရာအရပ်တွင်ရှိသော ဝူယွမ်နတ်မင်း၏ ဆံပင်ကို လေးဖြင့်ပစ်၍ ဖြတ်ခဲ့ဖူးလေသည်။ ထိုကိစ္စကြောင့် ဒူးထောက်အပြစ်ပေးခံရပြီးသည့်နောက်တွင် သူသည်လေးနှင့်မြားကို ထိပင်မထိတော့ပေ။
မင်ထျန်းသည် ရှက်သွေးဖြာသွားပြီး အလွတ်ရနေပြီဖြစ်သောစာပိုဒ်ကို တိတ်ဆိတ်စွာထပ်တလဲလဲဖတ်နေသည်။
သူက အမတရှန်လာမည်မဟုတ်ဟုကြားထားပြီး အဲဒီအတွက်လည်း နောင်တရနေခဲ့သည်။ မနေ့က သူသည် ရှန်လျှိုလျှိုအား လေ့ကျင်ရေးကွင်းဘေးတွင်တွေ့ခဲ့စဉ် ရုတ်တရက်စိတ်ထဲတွင် ထူးခြားသလိုခံစားလိုက်ရပြီး မယုံသင်္ကာဖြစ်သွားခဲ့ရသည်။ သို့ရာတွင် ယခုမြင်ကွင်းကိုမြင်လိုက်ရချိန်၌ကား ထိုလူသည် ရှန်လျှိုရှန်းကိုယ်တိုင်ပင်ဖြစ်ကြောင်း ပို၍ပင်သေချာသွားလေတော့သည်။

YOU ARE READING
ဗီလိနျရှဈဇှငျးက ပနျးပှငျ့လေးလိုပါလား-Zawgyi (Ongoing)
FanfictionThe Villainous Shizun is as Beautiful as Flower 反派师尊貌美如花 Author - 酒煮核弹头 126 chapters + 11 extras I do not own this novel and I'm just translating it. Starting date - 26th August 2023 (Sat)