Unicode
အပိုင်း ၁၆၁ - စုချင်းဝူနဲ့ ထပ်မံတွေ့ဆုံခြင်း
မုယွမ်ယောင် သူမအတွေးတွေကို ပြန်လည် သုံးသပ်ရင်း ရှေ့သို့လျှောက်နေစဉ် လူငယ်တစ်ယောက်က လမ်းထောင့်ကနေ ထွက်လာသည်။ ထိုသူက အနည်းငယ်ဝပြီး နောက်လိုက်အချို့ပါ ရှိသည်။ သူတို့ထဲက တစ်ယောက်က လက်တစ်ချောင်း ကျိုးနေသေးသည်။ ထိုသူသည် မုယွမ်ယောင် အရင်က ဆီစိမ်စက္ကူထီးနဲ့ ရိုက်လွှတ်လိုက်တဲ့ ချိုင်ယွဲ့ဆိုင်၏သခင်လေး ထန်ပါးဝမ် ဖြစ်သည်။
အခုချိန်မှာ ထိုသူသည် အပြစ်ပေးလိုသော အမူအရာဖြင့် မုယွမ်ယောင်နောက်ကျောကို စိုက်ကြည့်နေသည်
“ခွေးမ နောက်ဆုံးတော့ နင့်ကို ရှာတွေ့ပြီ။ နွေဦးပိုးထည်ဆိုင်ရဲ့ ဆိုင်ပိုင်ရှင်မိန်းကလေးလို့တောင် ငါ့ကို လိမ်သွားသေးတယ်။ ငါ မြို့တော်တစ်ခုလုံး လိုက်ရှာခဲ့ပေမယ့် အဲ့ဒီနာမည်ကို ရှာမတွေ့ခဲ့ဘူး။ ဒါပေမယ့် အခုမှ ဒီမှာ တွေ့ရလိမ့်မယ်လို့ မထင်ထားဘူး။ အဲ့ဒီခွေးမက ဘယ်သူလဲဆိုတာ အတိအကျ သိရအောင် သွားစစ်ဆေးချေ”
“ဟုတ်ကဲ့ပါ သခင်လေး”
အတိတ်အကြောင်းပြန်တွေးကြည့်ရင်း မုယွမ်ယောင်က လမ်းဆက်လျှောက်နေချင်စိတ် မရှိတော့တာကြောင့် အိမ်ပြန်လာခဲ့သည်။
စုချင် သူမ ခဏလေးနဲ့ ပြန်လာတာ တွေ့တော့ အနည်းငယ် သိချင်စိတ်ဖြစ်သွားသည်။
“သမီး ဒီနေ့ ကောင်းကောင်း လျှောက်ပတ်ကြည့်မယ်လို့ ပြောခဲ့တယ်မဟုတ်လား။ ဘာလို့ ဒီလောက်မြန်မြန် ပြန်လာတာလဲ”
မုယွမ်ယောင်က စုချင်ဘေးကို တွယ်ကပ်လာသည်
“သမီး အပြင်မထွက်ချင်ပါဘူး အပြင်ရောက်ရင် အမေ့ကို တန်းလွမ်းရော! ဒါကြောင့် သမီး ပြန်လာတာ”
“ဒီကောင်မလေးကတော့လေ သမီး ဒီနေ့ ပင်လုံးကြိုင်ပန်းဝတ်ရည် စားပြီးပြီလား”
“အမေ ပြောမှပဲ သမီး ဗိုက်အရမ်းဆာသွားပြီ။ အမေချက်တဲ့ ရတနာရှစ်ပါးထမင်း စားချင်တယ်”
“ရတနာရှစ်ပါးထမင်းကို ဘာလို့ ဒီလောက်ကြိုက်နေရတာလဲ မသိပါဘူး။ မနက်ဖြန် ဆောင်းလယ်ပွဲတော်ရှိလို့ ဒီနေ့ အမေချက်မထားဘူး။ အမေ ပွဲနဲ့လိုက်တဲ့ ပင်လုံးကြိုင်ပန်းကိတ်နဲ့ လမုန့်လုပ်မလို့”
ESTÁS LEYENDO
တော်ဝင်မိန်းမပျို၏သွေးကလဲ့စား (၁)
Ficción históricaစာမြည်း ပြန်လည်မွေးဖွားလာပြီးနောက်မှာ မုယွမ်ယောင်က အရာသုံးခုကို လက်ကိုင်စွဲထားသည်။ ၁။တခြားသူတွေအပေါ် စိတ်ထားကောင်းမပေးနဲ့ ၂။ရန်သူဆို ခေါင်းပြန်မထောင်နိုင်အောင်ရိုက်ချပစ် ၃။ခံစားချက်တွေအပေါ် အယုံအကြည်မရှိနဲ့ သူမက အကြင်နာတရားကင်းမဲ့၊ အကြောက်တရားကင်းမဲ...