Part - 3

1.1K 75 0
                                        

Unicode

ဦးလေးကိုယ်တိုင် အမှုဖွင့်လိုက်ပြီး
Noonaအတွက် အားစိုက်နေချိန်
အမေကအိပ်ရာထဲလဲသွားသည်။

အဖေကအလုပ်တစ်ဖက်နဲ့မို့
Jungkook ကသာ ကျောင်းတက်ရင်း
သူ့အမေကိုပြုစုနေရသည်။

အမေဟာ Noonaရဲ့အခန်းကို
နေ့တိုင်းသန့်ရှင်း‌ရေးလုပ်သည်။

သူ့သမီးကအခန်းကို‌
သန့်ရှင်းနေတာပဲ
ကြိုက်တယ်တဲ့လေ။

မားကိုလွှတ်ထားပေးရတာပေါ့၊
အမှန်တရားကိုလက်ခံနိုင်ဖို့
သူမအတွက်ကခဲယဉ်းတယ်လေ။

တစ်ဖက်က Kim Group ဖြစ်နေ‌တာကြောင့်
သေချာပေါက်အမှုကရှုံးနိုင်သည်။

Jeon မိသားစုကလည်းနစ်နာကြေးထက်
Jeon Haemie အတွက်
အမှန်တရားကိုသာလိုချင်သည်။

Jungkook ခင်ဗျာ Noonaအစား
သေပေးလိုက်ချင်သည်။ထိုနေ့ကသူသာစောင့်ပေးမယ်ပြောပြီး Noonaစကားကိုလက်မခံခဲ့ရင်
သူတို့အားလုံး ပင်ပန်းရပါ့မလား။သူက
တစ်ကယ်မကောင်းတာ။ApaကNoonaကို
အရေးပေးတာကဘာကြောင့်လဲဆိုတာသူသိလိုက်ပြီ၊Noonaနဲ့သူကတကယ့်ရေနဲ့ဆီဘဲ။

Noonaရဲ့အခန်းကိုမြင်တိုင်း လိပ်ပြာမလုံခဲ့။
Noona အခုလိုဖြစ်ရတာသူ့ကြောင့်တွေကြီး။

ထိုစဉ် ဝင်လာသည့်ဖုန်းတစ်ကောလ်က
JEON မိသားစုရဲ့ မျှော်လင့်ချက်တွေကို
ရိုက်ချိုးပစ်လိုက်သည် ။

တစ်ဖက်က ပြောလာသည်က.....

"အမှုကအထောက်အထား
မခိုင်လုံလို့
ပယ်ချလိုက်တယ်" တဲ့။

ပါးရဲ့လေသံပျော့ပျော့က
မားကိုမေ့လဲစေတဲ့အထိဖြစ်ခဲ့သည်။

Jungkook ထိုအဖြစ်အပျက်ကြီးကိုသာ
နှုတ်ဆိတ်ရင်းကြည့်ရသည်။

သူဟာ ခွင့်လွှတ်မှုနဲ့
ငိုကြွေးဖို့အတွက်မထိုက်တန်တဲ့သူ။

Noonaကိုသတ်တာဟိုလူကြီးမဟုတ်ဘဲ
သူကိုယ်တိုင်ဖြစ်နေခဲ့တာများလား။

နောင်တတွေသာမကအပြစ်တွေပါ
ကိုယ့်ကိုကိုယ်တင်လာသည့် Jungkook ။

Noona ဆုံးပြီးတည်းက Jeon မိသားစုတွင်
ရယ်သံများ တိတ်သုဉ်းသွားသည်။

Far Away ( Complete )Tempat cerita menjadi hidup. Temukan sekarang