Unicode
ဆယ်နှစ်ကြာပြီးနောက်။ ။
"Taehyung မင်းဘဲကြီးရောက်နေပြန်ပြီ"
"မင်းကလည်း ငါ့ဘဲမဟုတ်ပါဘူးဆို"
တစ်ယောက်တည်းရှိတဲ့
သူငယ်ချင်းလေးကို
လင်ပေးစားနေသည့် Jimin ။
"မကြာခင်မင်းဘဲဖြစ်တော့မှာ မင်းပြန်ရင်လည်းအနောက်ကနေတစ်ကောက်ကောက်လိုက်နေတာလေ"
"သူကငါ့နောက်ကိုသာလိုက်နေတာ
ဘာမှပြောတာမဟုတ်ဘူး"
Taehyung တက္ကသိုလ်တက်တည်းက
ကျောင်းတက်ချိန်နဲ့ကျောင်းဆင်းချိန်တိုင်း
ဆိုင်ကယ်အနက်ရောင်ကြီးနဲ့သွားလေရာတိုင်း
လိုက်နေသည့် Jeon JungKook ။
သို့သော် အခုထိ ဘာတစ်ခွန်းမှ Taehyung ကို
မပြော၊အကြည့်ချင်းဆုံတိုင်း
သူကရင်ခုန်ပင်မဲ့
ဟိုလူကြီးကခပ်တည်တည်သာ။
"မင်းကပြောစေချင်သေးလို့လား"
"မရစ်စမ်းနဲ့ Jimin ရာ ငါတို့တူတူ
ပြန်ရင်းမုန့်၀င်စားကြမယ်လေ"
Jimin ကို Taehyung ခေါ်ရခြင်းက
Jungkook ရဲ့အကြည့်စူးစူးတွေကိုကြောက်တာကြောင့်။ယောကျာ်းပီသသည့် Tattoo တွေနဲ့ လက်သွေးကြောများ၊ထင်ရှားသည့်မေးရိုးတွေကို
ဘာကြောင့်မှန်းမသိ Taehyung မကြည့်ရဲ။
"မင်းဘဲနဲ့သွားစား
ငါက crush ကိုသွားချောင်းမလို့"
Taehyung တောင်ပြန်မပြောလိုက်ရ၊Jiminကလွယ်အိတ်ယူပြီးတန်းပြေးလေသည်။
အားမကိုးရတဲ့ သူငယ်ချင်း..........
နောက်တစ်ခါ အိမ်စာမပြီးသေးလို့
ငါဆီကကူးချင်တယ်ဆိုရင်လက်သီးဘဲရမယ်။
ဒီနေ့တော့ အရဲစွန့်ပြီး
ဟိုလူကြီးကိုစကားပြောမယ်၊
ဘာကြောက်စရာရှိလို့လဲ၊
မေးကြည့်တော့လည်း
သူ့နောက်ကိုဘာကြောင့်လိုက်နေလဲ
ဆိုတာသိရတာပေါ့။
ကျောင်းဆင်းတိုင်း ကျောင်းရှေ့ကချယ်ရီပင်အောက်မှာ ထိုလူကြီးကိုအမြဲတွေ့ရသည်။
မိန်းကလေးတွေကလည်း သူ့ကိုကြည့်နေတာများ
မမြင်ဖူးတဲ့ဒဏ္ဏာရီလာ သတ္တဝါကိုကြည့်နေကြသလို အပြူးပြဲနဲ့။
YOU ARE READING
Far Away ( Complete )
FanfictionJeon Jungkook × Kim Taehyung Taekook Short Story Myanmar Zawgyi + Unicode ( Own creative ) #SnowBear
