Unicode
"J Group CEOရဲ့ ကိုယ်စား ပွဲလာ
တက်ပေးတဲ့ Secretary Jung ပါ "
ပြုံးပြီးနှုတ်ဆက်လိုက်သည်နှင့်တစ်ပြိုင်နက်
Jungkook ရဲ့ မေးရိုးတွေကထင်းခနဲ။
Kim Group ကိုနည်းနည်းလေးလည်ထွက်သွားအောင် Jungkook လှည့်ပေးချင်ရုံ။
Jungkook ရောက်နေသည့်နေရာက
အိမ်ရာစီမံကိန်းအတွက်လေလံပွဲဖြစ်သည်။
ဒီပွဲမှာ အနိုင်ရတဲ့သူက စီမံကိန်းအပြင်
ရှယ်ယာတစ်ချို့ကိုပါ ရနိုင်ချေများသည်။
ဒါကြောင့် ပြိုင်ဆိုင်နေသည့် Group ပေါင်းစုံက
ရှယ်ယာရှင်တစ်ချို့အပြင် နိုင်ငံရေးသမားတွေပါ
ရောက်နေကြသည်။
စီးပွားရေးလောကကဒီလိုဘဲမဟုတ်လား။
နိုင်တဲ့သူကရှုံးတဲ့သူကိုချနင်းချင်ကြသေးသည်။အခက်မသင့်လျှင်အသက်ပါဆုံးရှုံးနိုင်သည်။အဆိုးဆုံးကဖြတ်ခုတ်တာ။တကယ့်လောဘသားတွေကိုတွေ့နေရတာစိတ်ပျက်စရာပင်၊အင်း သူလည်းအခုဆို အဲ့လိုလူဖြစ်တော့မယ်မလား မကြာခင် Kim Group ကို ချနင်းတော့မှာမို့လို့လေ။
J Group ကို စီးပွားရေးပညာရှင်တစ်ချို့အပြင်
Mediaတွေကပါအသည်းအသန်သတင်းရချင်နေသည်။အခုလည်း Secretary Jung လေးကို
အတင်းတွေ ဓာတ်ပုံရိုက်နေတာ၊Jungကတော့
Smirk တစ်ခုနဲ့ ထိုပွဲရဲ့အဓိက ခန့်ချောကြီး။
"CEOကိုဘာကြောင့် မမြင်ရတာလဲဗျ"
"အချိန်တန်သေချာပေါက်မြင်ရမှာပါ မေးခွန်းတွေ ဆက်မမေးတော့ဖို့ တောင်းဆိုပါတယ်"
ခပ်ပြတ်ပြတ်လေသံနဲ့အတူ
သတင်းထောက်တွေရဲ့
ကင်မရာဆီကနေထွက်လာလိုက်သည်။
Jungkook နဲ့ တစ်တန်းတည်းဖြစ်သည့်
ခုံမှာ၀င်ထိုင်လိုက်သည့် Kim Mohyung ။
Jungkook သိပင်မဲ့လည်းဂရုမစိုက်စွာ၊
MacBook ကနေအကြည့်မလွှဲခဲ့။
Kim Mohyung လည်း လေလံပွဲရဲ့
screenကအဆောက်ဦးပုံတွေကို
စိုက်ကြည့်နေတာလား၊ Jung ကို
အကဲခတ်နေလား မသဲကွဲ ၊ Jungkook
ကတော့ဂရုမစိုက်သည်မှာသေချာသည်။
Jungkook ဟာငါးစာဖြစ်သွားလေပြီ၊
သူကိုယ်တိုင်ကငါးစားအဖြစ်ခံပြီး
ဒီပွဲမှာပါ၀င်ကစားမဲ့အဓိကလူပင်။
VOUS LISEZ
Far Away ( Complete )
FanfictionJeon Jungkook × Kim Taehyung Taekook Short Story Myanmar Zawgyi + Unicode ( Own creative ) #SnowBear
