Part - 7

1K 65 0
                                        

Unicode

"အဲ့ညကအလှူရှင်ကိုယ်တိုင်လက်မှတ်ထိုးခဲ့တာပါ လူတစ်ယောက်ရဲ့ဘ၀နဲ့သက်ဆိုင်နေတာမို့ကျွန်တော်ကိုယ်ချင်းစာပြီးပြောပြတာပါ
နှလုံးအလှူရှင်နဲ့‌နှလုံးရသွားတဲ့
လူနာရဲ့အုပ်ထိန်းသူတွေပါ"

အလှူရှင်နေရာမှာ Jeon Haemie ရဲ့
လက်မှတ်ကရှိနေခဲ့သည်ကို Minyoung မယုံနိုင်။

လူနာရှင်က Kim Mohyung တဲ့၊ ဒါဆို
သူ့သားကိုHaemieကနှလုံးပေးခဲ့တာလား။

အမှုမှန်ကိုဖော်ထုတ်ဖို့ Minyoung
ပြန်ကြိုးစားပင်မဲ့ သို့သော်
မရိုးရှင်းသောကိစ္စများကရှိနေပြန်သည်။

"ဒေါက်တာ ကျွန်မနားမလည်လို့ပါ
Jeon Haemie က Kim Taehyung
ဆိုတဲ့ကလေးအတွက် နှလုံးကို
သူကိုယ်တိုင်ပေးခဲ့တာလား"

"အဲ့နေ့ညက လူနာ Jeon Haemie ဆေးရုံကိုရောက်တော့ သွေးထွက်လွန်နေပါပြီ သွေးထွက်လွန်တာကြောင့်အသက်ဆုံးရှုံးခဲ့ပါတယ် accident ကြောင့် လူနာ Jeon Haemieနဲ့ လူနာ  Kim Taehyung ကို အရေးပေါ်အခန်း တစ်ခုတည်းမှာဘဲခွဲစိတ်ခဲ့တာပါ Jeon Haemieကသူ့အခြေကိုသိပုံရတယ် သူ့ကိုဆက်ပြီးမကယ်တော့ဘဲ Kim Taehyung အတွက် သူ့နှလုံးကကိုက်ညီခဲ့ရင်ထည့်ပေးလိုက်ဖို့ တောင်းဆိုခဲ့တာပါ အကယ်လို့သတ်သေလိုချင်တာမျိုးဆိုရင် အဲ့နေ့ကတာ၀န်ကျဆရာ၀န်တွေကိုပါ ကျွန်တော်ခေါ်ပေးလို့ရပါတယ် "

ဘာလို့လဲ Haemie ၊ နင့်ကိုတိုက်သွားတဲ့သူရဲ့
သားကိုနှလုံးပေးလိုက်တဲ့အထိနင်ဖြူစင်ရလား။

ငါနင့်မောင်ကိုဘယ်လိုပြန်ပြောရမလဲ၊
သူ့ချစ်သူကသူ့အစ်မကို
ကားတိုက်သွားတဲ့သူရဲ့သားဖြစ်နေတာကို‌လေ။

Kim Mohyung ရဲ့ လုပ်ရပ်တွေကို ဇနီးသိသွားတဲ့အချိန် ပြဿနာတက်ခဲ့ကြပြီး သားလေးလက်ကိုဆွဲရင်း အိမ်ကထွက်သွားတဲ့ ဇနီးသည်ကိုလိုက်ခေါ်ခဲ့သည်။အဲ့ဒီကအပြန်မှာ ကျောင်းသူတစ်ယောက်ကိုမတော်တဆတိုက်မိပြီး accident
ဖြစ်ခဲ့ကြသည်။ Taehyung မှာ နှလုံးရောဂါရှိတာကြောင့် ထိတ်လန့်ပြီး နှလုံးအစားထိုးဖို့အထိဖြစ်လာခဲ့ခြင်း။ ‌မကြာခင်သေလူဖြစ်တော့မဲ့ အတူတူ လိုနေတဲ့နှလုံးအတွက် Haemie ပေးခဲ့လိုက်သည်။သူမကတော့အေးအေးချမ်းချမ်းထွက်သွားခဲ့ပင်မဲ့ကျန်ခဲ့တဲ့လူတွေကတော့သောကတွေနှင့်။

Far Away ( Complete )Wo Geschichten leben. Entdecke jetzt