Part - 6

1.1K 66 0
                                        

Unicode

သူ‌ဌေးရပ်ကွက်တစ်ခုတွင်
တည်ရှိသည့်ခြံ၀န်းကျယ်ကျယ်နှင့်
ခမ်းနားထည်၀ါသည့်အိမ်ကြီး။

ဧည့်ခန်းတွင် များစွာသောဓာတ်ပုံတွေထဲမှ
အိမ်ရဲ့အရှင်သခင်တွေဖြစ်တဲ့ Jungkook နဲ့
Minyoung ပုံကို အကျယ်ချဲ့ထားသည်။

ကျောင်းတုန်းကဓာတ်ပုံတစ်ချို့ရယ်။
Noona Haemie အခန်းနဲ့တစ်ထပ်တည်းဆင်သည့်အခန်းလည်းရှိသည်။Minyoungကော
Jungkook ပါ တခါတလေမှ ဒီကိုလာဖြစ်သည်။

ကြမ်းပြင်တွင် ပွစာကြဲနေသည့်
ဖန်ကွဲစများနဲ့ ဘီယာဘူးခွံ‌များ။

ဒီနေ့ Noona Haemie ၏
နှစ်ပတ်လည်နေ့ဖြစ်သည်။

Jungkook သူ့အစ်မအတွက်ကရည်စူးကာ
၀ယ်ခဲ့သည့် ဖိနပ်လေးကို ကြည့်ရင်း
စိတ်မကောင်းဖြစ်‌မိသည်။

အခုထိ Noona အတွက်
ဘာမှမလုပ်နိုင်သေးချေ။

သူ့လက်တွင် သွေးတစ်ချို့ပေနေလျက်၊
ခြေထောက်မှာ ‌ဖန်ကွဲစ
စိုက်နေတာကိုလည်း သတိမပြု‌။

ဝိုင်ပုလင်းကျကွဲသွားသည်ကို
မသိမ်းပဲထားထားကြောင့်
လက်ရောခြေထောက်ပါ
ထိခိုက်မိသွားသည်။

Jungkookကသန်မာတယ်၊ထက်မြတ်တယ်
ဒါပေမဲ့ အစ်မရဲ့နှစ်ပတ်လည်‌နေ့
ရောက်တိုင်းစိတ်နဲ့လူမကပ်ပေ။

သူ့အမှားလို့တွေးပြီး
စိတ်ဒဏ်ရာတွေရခဲ့ခြင်း။

"Jungkook ဘယ်မှာလဲ Minyoung "

ရုတ်တရက် သူမရုံးခန်းထဲ
၀င်လာသည့် ဦးလေးနဲ့အဖေ။

Jungkook နဲ့ သူမ အဆက်သွယ်ပြတ်နေတာ
နှစ်ပတ်လောက်ရှိပြီ။ဖုန်းလည်းမကိုင်သလို
ဘယ်နေရာမှာရှိနေလည်းဆိုတာ စုံစမ်းမရခဲ့။

"ဒီနေ့ Haemie ရဲ့ နှစ်ပတ်လည်
မဟုတ်မှ Jungkook ပျောက်နေတာလား"

သူ့အမေးကြောင့် ခေါင်းငုံ့သွားတဲ့သမီးကို
ကြည့်ရင်း Han Minjun စိတ်ပူလာသည်။

အရင်တစ်ခါကလည်းနှစ်ပတ်လည်‌နေ့တွင် Jungkook ပျောက်သွားဖူးသည်။

ပြန်တွေ့တော့ ဆေးရုံရောက်နေခြင်း၊
အကြောင်းမှာ ဆိုင်ကယ်နဲ့
ကားတိုက်မိတာကြောင့်ပင်။

Far Away ( Complete )Dove le storie prendono vita. Scoprilo ora