Unicode
အိမ်ပြန်သည့် လမ်းမှာ အမဖြစ်သူအတွက်
Jungkook သူ့မုန့်ဖိုးနဲ့ ဖိနပ်တစ်ရံ၀ယ်လာလိုက်သည်။ဟိုနေ့တည်းကအမဖြစ်သူရဲ့ဖိနပ်ကစုတ်နေပြီမို့၀ယ်ပေးချင်နေတာ၊အခုမှဘဲ၀ယ်ပေးရတော့တယ်။ဖိနပ်၀ယ်အပြီးတွင် သူ့အိတ်ထဲပိုက်ဆံတစ်ကျပ်တောင်မရှိတော့ ဂိမ်းဆိုင်တွင်
လည်းရှူံးခဲ့သည်မဟုတ်လား။
သူ၀ယ်ပေးတဲ့ဖိနပ်တစ်ရံထက် အမဖြစ်သူက
သူ့ကို အမြဲကာကွယ်ပေးခဲ့တယ်၊
ဒါကြောင့် သူကပြန်သိတတ်ရမှာပေါ့။
စက်ဘီးလေးကို ဂိုထောင်ထဲမှာရပ်ပြီး
အိမ်ထဲမ၀င်ခင်အထိ Jungkook ဘ၀က
ပျော်ရွင်ဖွယ်ရာအတိ။
သူ အိမ်ထဲ၀င်သွားတော့ ဘယ်သူမှမရှိ၊
မီးတွေလည်းပိတ်ထားသည်။ဒီအချိန်ဆိုရင် အမေတင်မကအဖေပါအလုပ်ကပြန်ရောက်နေလောက်ပြီကို၊ဒီနေ့ဘာဖြစ်လို့များပါလိမ့်။
အ၀တ်စားလဲပြီး အောက်ထပ်ပြန်အဆင်း
မတွေ့တာကြာသည့် ဦးလေးကအိမ်ထဲကို
ရေးကြီးသုတ်ပြာဖြင့် ၀င်လာလေသည်။
ဦးလေးရဲ့ပြောလိုက်တဲ့စကားကြောင့်
Jungkook ရင်ထဲ နွေလယ်ခေါင်ကြီး
မိုးကြိုးပစ်ခံလိုက်ရသလိုဖြစ်သွားသည်။
"Haemie ကားတိုက်ခံရတယ် အခုဆေးရုံမှာ"
"ဗျာ!"
ဦးလေးကဆက်မပြောတော့ဘဲ
သူနဲ့လိုက်ခဲ့ရန်ပြောလာတာကြောင့်
မြန်မြန်ပင်ကားပေါ်တက်လိုက်သည်။
လွန်ခဲ့တဲ့တစ်နာရီကပင်Noonaက
သူနဲ့ရယ်မောနေတာလေ
အခုကျဆေးရုံမှာတဲ့၊
Jungkook မျက်ရည်ဝဲလာသည်။
တစ်ယောက်တည်းရှိတဲ့အစ်မဖြစ်သူကို
သူသာ မထားခဲ့ရင် အခုလိုဖြစ်ပါ့မလား။
အတွေးပေါင်းမြောက်များစွာဖြင့်
ကိုယ့်ကိုကိုယ်အပြစ်တင်နေမိသည်။
အရေးပေါ်အခန်းရှေ့မှာငိုနေသည့်အမေ၊
အဖေကတော့ဘေးမှာနေရင်း
' အဆင်ပြေသွားမှာပါ 'လို့ပြောနေသည့်ပုံပင်။
" Jungkook....သား...မင်းအစ်မ
အမေရင်တွေကွဲပါပြီ....သားရယ်"
အမေငိုတော့ Jungkook စိတ်မကောင်း၊
သူအပြစ်မကင်းသလိုခံစားရသည်။
ESTÁS LEYENDO
Far Away ( Complete )
FanfictionJeon Jungkook × Kim Taehyung Taekook Short Story Myanmar Zawgyi + Unicode ( Own creative ) #SnowBear
