အဲ့ဒီနေ့ ကျနော် အကို့ကို စတွေ့တဲ့နေ့ပေါ့။ အဲ့ဒီနေ့က နေသာတယ်။ Seven Eleven ရဲ့ ကောင်တာရှေ့ အခက်တွေ့နေတဲ့အပြုံးလေးနဲ့ အရင်ရှင်းလိုက်ပါဆိုတဲ့ အမူအရာနဲ့ ခေါင်းညိတ်ပြလိုက်တဲ့အခါ ကျလာတဲ့ ဆံစလေးတွေကအစ မှတ်မိနေရတာ မဆန်းဘူးလားအကို။
ဘဝမှာကိုယ်ရှိခဲ့ဖူးကြောင်းတောင် သတိရနေမှာ မဟုက်တော့တဲ့ လူတယောက်ကို အမှတ်တရတွေမှာ လိုက်ဖမ်းနေရတာဟာ ရူးနှမ်းမှု့မဟုက်ဘူးလား။ 2018 ခုနှစ် ဒီဇင်ဘာလရဲ့ နေသာတယ့် မနက်ခင်းတစ်ခုကတည်းက ကျနော်စပြီး အဆိပ်တက်ခဲ့ရတာပဲ။ ဘယ်ကနေ စပြီးမှားယွင်းခဲ့တာလည်း နဖူးပေါ်ဝဲကျနေတဲ့ ဆံစတွေရဲ့ အပြစ်လား၊ ဒါမှမဟုက် နှုက်ခမ်းလေးပင့်တက်သွားတိုင်း မှိတ်ကျသွားတက်တဲ့ မျတ်ဝန်းလေးတွေက ကျနော်ပြန်မတက်နိုင်ခဲ့တဲ့ ချောက်နက်များလား။ ကျနော်များ တခုခုရူးနှမ်းတာလုပ်လိုက်ပြီဆိုရင် မတက်နိုင်ဘူးဆိုတယ့်လေသံနဲ့ "Pooo'' လို့ သံရှည်ဆွဲခေါ် တက်တယ့် လေသံကပဲ ကျနော့်ကို အိပ်မွေ့ချလိုက်လေတာလား။ အကိုရေ ကျနော်တော့ ဒီဆောင်းတွင်းရဲ့ ချောက်အိပ်မက်ကနေ မနိုးနိုင်တော့ဘူးထင်ပါတယ်။ အဲ့ဒီနေ့က ငွေကူရှင်းပေးခဲ့လို့ဆိုပြီး ကျေးဇူးတင်စကားပြောတာကို ရပ်စောင့်ပြီး နားမထောင်ခဲ့မိရင် တစ်ခုခုပြောင်းလဲသွား
မှာလား ဒါမှမဟုက် ဓာက်ဆီဆိုင်ရှေ့က နီယွန်မီးတိုင်အောက်မှာ ခါးထောက်ပြီး ကိုယ်နဲ့ဘန်ကောက်မြို့ရဲ့ လမ်းမတွေပေါ်ပက်မလားလို့ မေးလိုက်တဲ့အခါက သရဲးဝင်ပူးမိသလို သဘောမတူလိုက်မိရင် ကျနော်တို့ရဲ့အဆုံးသက်ဟာ တယောက်ဘဝထဲတယောက် တခဏဝင်တိုးမိခဲ့တဲ့ ဖြက်လျှောက်သာသာဘဝနဲ့ပဲ ပြီးဆုံးကောင်း ပြီးဆုံးသွားနိုင်တယ်နော်။ ဘဝထဲ တခဏတာ ဝင်လာခဲ့တယ့် အဲ့ဒီအစိမ်းရောင်လေးကို ကျနော်ကတော့ တဘဝလုံးစာထင်ပြီး ရှိသမျှ အဝါရောင်တွေအကုန်လုံးကို စွန့်ပစ်ခဲ့လိုက်တာ။ ခုတော့ ပက်ပက်လည် တစ္ဆေခြောက်သလို ခြောက်နေတဲ့ အစိမ်းရောင်တွေကို ဖက်တွယ်ပြီး အရိုးကွဲအောင်အေးတဲ့ နယူးယောက်ရဲ့ဆောင်း
ကို ကျနော်ဘယ်လိုအန်တုရမလည်းအကို။ ကျနော်က စပိန်ဂစ်တာလေးတလက်ကိုကိုင်ပြီး အိုလံပီယင်တောင်ပေါ် တက်ခဲ့မိတဲ့ တိုင်တန်တကောင်ပဲ။ အကို့ဆီက ကျနော်ပြန်ယူလာခဲ့တဲ့နံရိုးလေးကို အစိမ်းရောင်နှင်းဆီအဖြစ် ထွင်းထုပြီး အံဆွဲထဲ ထိုးထည့်ထားလိုက်တယ်။ ကျနော် ပြန်ထုက်ကြည့်တဲ့အခါ အစိမ်းရောင်ကလက်စစ်ကယ်ဂစ်တာ အဖြစ်ပြောင်းသွားတယ်။ အထိတ်တလန့်ပါပဲ ကျနော်ပြန်ထိုးထည့်လိုက်တယ် နောက်တစ်ကြိမ်ဘယ်တော့မှ ထုက်မကြည့်တော့ဘူး။ ဒီတခါ အဖြူရောင် samyoed ခွေးတကောင်အဖြစ်ပြောင်းသွားခဲ့ရင် ကျနော်ဘယ်လိုလုပ်ရ ပါတော့မလည်းအကို။ အကိုနဲ့ဆုံခဲ့ရပြီးနောက်နေ့မှာ Bible
က ကျနော့်ကိုပြောတယ် ပို မင်းတော့သွားပြီပဲတဲ့။ ကျနော်က အဲ့လိုလူမျိုးကိုး ဘာကိုမှ ဖုန်းကွယ်မထားနိုင်တယ့်လူ။ ချစ်ခြင်းမုန်းခြင်းက ကျနော့်အတွက် အရမ်းပြက်သားတယ်။
ဆူဆိုက်ရထားပေါ် တက်ခဲ့မိတာပါ လမ်းမှာ ဘယ်ဘူတာကိုပဲ ရပ်မိရပ်မိ မထူးခြားတော့ဘူးမလား။ ကျနော်ကတော့ ထုံပေပေနိုင်နေပါပြီ။ ကျနော်ဘိုင်ဘယ့်ကို မေးဖူးတယ် ကိုယ့်ကို ဘယ်တော့မှပြန်ချစ်လာမှာမဟုက်တယ့်သူ
ဒီလောကကြီးထဲမှာ မင်းဆိုတာ ရှိလို့ရှိမှန်းတောင် သိမနေတဲ့လူကို ချစ်နေရတာ မပင်းပန်းဘူးလားလို့။ ဘိုင်ဘယ်ကပြောတယ် '' လူတယောက်ကို ချစ်ရတာ အနုပညာပဲ ပို'' တဲ့။ အခုတော့ ကျနော်အဲ့စကားကို နားလည်လာပြီအကို အနုပညာဆိုတာ နာကျင်မှု့တွေလိုတယ်မလား။ နာကျင်မှု့မပါတယ့် အနုပညာက အနုပညာမမြောက်ဘူးလေ။ ကျနော် အခု Teresa Teng ကိုနားမထောင်တော့ဘူး။ Wong Kar Wai ရဲ့ ရုပ်ရှင်တွေကိုမကြည့်တော့ဘူး။ အချိုတွေစားလာပြီ ကော်ဖီထဲကို နို့တွေအများကြီး ထည့်သောက်တက်နေပြီ။ Peaky Blinder season 6 ကို အခုထိမကြည့်ရသေးဘူး။ Metallica ရှိုးပွဲ လက်မှတ်တွေ ဝယ်မိနေတုန်းပဲ။ အင်္ကျီကိုတော့ ကြယ်သီးအပြည့်တက်ပြီးဝတ်တယ်။ ဘယ်တော့မှ မြည်မလာမယ့် နံပါက်ကို မှက်မိနေဆဲပဲ။ လူတွေရဲ့ မှတ်ဥာဏ်က ထူးဆန်းတယ်အကို။ ဘယ်လောက်ကြိုးစားပြီး မှတ်နေပါစေ ဘယ်တော့မှ မှတ်မိလာမှာ မဟုက်တဲ့အရာတွေနဲ့ ဘယ်လောက်မေ့ပစ်ပါစေ ဘယ်တော့မှ မေ့ပျောက်မှာမဟုက်တဲ့ မှတ်ဥာဏ်တွေနဲ့ အမြဲတိုက်ခိုက်နေတက်တယ်။ အမှတ်တရတွေဆိုတာ မင်းလက်ချောင်းထိပ်မှာ တိုးဝင်နေတဲ့ ဆူးတချောင်းလို တစ်ဆစ်ဆစ်ကိုက်ခဲနေတက်တယ်။ နှုက်ပစ်လိုက်တဲ့အချိန်မှာ လည်း နာကျင်သွေးထွက်ကျန်နေခဲ့ရတယ်။ အကိုပြောခဲ့ဖူးသလိုပဲ လူတွေက သူတို့မရောက်နိုင်တော့ခေတ်တွေ အချိန်ကာလတွေ လူတွေကိုပဲ စွဲလန်းလေ့ရှိတယ်တဲ့။ အကိုက ကျနော့်စွဲလမ်းရခြင်းပါပဲ။ ကျနော်ကတော့ ရေအိုင်ထဲကလကို ထိုင်မျှားနေရသူပေါ့။ ခုချိန်သူများ နှုက်ခမ်းကိုနမ်းနေမယ့်ယောက်ျားတစ်ယောက်ကို စိတ်ကူးနဲ့ လှမ်းဖမ်းဆုပ်နေရတာ မတရားဘူးမလားအကို။ ကျနော်က ဆူဆိုက်ရထားပေါ်က ခရီးသည်ပါ။ ဘုရားသခင် ဒီလူကို ယောကျာ်းတယောက်လိုသေခွင့်ပြုပါ။
YOU ARE READING
SNOW ON THE BEACH
Randomကမ်းခြေပေါ်က နှင်းစက်လေးတွေလိုပါပဲ အချိန်တန်ရင် ပင်လယ်ပြင်ဆီ ရောက်ရမယ်မှန်း သိရက်နဲ့ အစွမ်းကုန်ဖြူစင်ပေးခဲ့ရ