ကျနော်တို့ ဒုတိယအကြိမ် တွေ့တော့ ဘားလေးတခုမှာလေ။
အကိုက အစိမ်းရောင်နှင်းဆီပွင့်တွေနဲ့ Gucci ရှပ်ကို အနက်ရောင်စတိုင်ပန်နဲ့တွဲဝက်ထားတာ အဖြူရောင် ကင်းဗက်စပေါ် အစိမ်းရောင်နဲ့အနက်ရောင်တွေပြန့်ကျဲကျနေ သလိုပဲ အရမ်းလှတယ်။ ကျနော်က ဘန်ကောက်ရဲ့ ရုပ်ရှင်လောကထဲ ဘယ်လိုအသက်ရှင်အောင် ရုန်းကန်နေရလည်း ပြောပြတော့ ငြိမ်ငြိမ်လေးနားထောင်ပေး
နေပုံက တကယ်ပါ သက်ငြိမ်ပန်ချီကားတစ်ချပ်လိုပဲ။
ကျနော်အဲ့မြင်ကွင်းကိုခဏခဏ အိပ်မက်မက်တယ်
ဘာလို့ကျနော်ကို ဒီလိုလုပ်ရက်ရတာလည်းလို့မေးတော့ အကိုကအဲ့လိုတပုံစံတည်းပဲပြုံးပြနေတာ။ကျနော်ပြောပြတာတွေကိုနားထောင်ပြီးတော့အကိုက
ကျနော့်ကို တစ်ခွန်းမှနှစ်သိမ့်စကားမဆိုပဲ ဘားက တီးဝိုင်းဆီက ဂစ်တာလေးတစ်လက်ငှားပြီး Aerosmith ရဲ့ '' Dream On'' ကိုဆိုပြတယ်။ အကိုကလေ အရာအားလုံးကို ပေးခဲ့ပြီး အကိုနဲ့အတူအကုန် ပြန်သယ်ဆောင်သွားခဲ့တယ်။ ကျနော်ကသာ ကျိုးပဲ့ရာတွေနဲ့ ကျန်နေရခဲ့တယ်။ ဇာက်ကားတစ်ခုမှာ ခေါင်းဆောင်မင်းသား နေရာလေးရဖို့ ထုက်လုပ်သူ ဒါရိုက်တာ မင်းသမီးကအစ စီနီယာတွေအထိ အောက်ကျို့ပြီးနေခဲ့ရတုန်းကရော မဖြစ်စလောက် ဖန်လေးနဲ့ ခေါင်းဆောင်မင်းသား ဖြစ်ချင်သေးလို့ အလှောင်အပြောင်တွေကြားထဲ ရယ်ပြနေရတုန်းကရော ဒီနေရာက စွန့်ခွာဖို့ တစ်ကြိမ်လေးတောင်မတွေးမိဘူး။ ကျနော်က ခေါင်းမာမာနဲ့ ရအောင်ရှင်သန်ခဲ့သေးတယ်။ နောက်ဆုံးတော့ ကျနော်ချစ်တဲ့ အလုပ်ကိုရော ကျနော်ကျင်လည်နေတဲ့ အသိုင်းအဝိုင်းကိုရော
စွန့်ခွာရမယ့် တနေ့ရောက်လာလိမ့်မယ် အဲ့တုန်းကတွေးတောင် မတွေးမိဘူး။အကိုက ဂစ်တာလေးကို ဂစ်တာလေးကိုပိုက်ပြီး အကိုငယ်ငယ်က အဆိုတော်ဖြစ်ချင်ခဲ့ဖူးကြောင်းပြောတော့ ရယ်ရသေးတယ်။ အကိုငယ်ငယ်က သီချင်းဆိုပြိုင်ပွဲဝင်ပြိုင်
တော့ ဆုရခဲ့သေးတယ်တဲ့လေ။ ပြောပုံကိုက '' မသိဘူးလေ ကိုယ့်အဖေက ဒိုင်တွေကို ပိုက်ဆံပေးလိုက်တာနေမှာပေါ့တဲ့''။
တကယ်ပါ ဘယ်နှကြိမ်ဘယ်နှခါဖြစ်နေပါစေ ကျနော် အကို့ကို သေချာပေါက်ချစ်မိသွားဦးမှာပဲ။ဘာလေးရဲ့မီးရောင်မှိန်မှိန်လေးအောက်မှာ အားလုံးက နော်ဝေတောအုပ်ထဲက နတ်သမီးအိပ်မက်လိုပဲ။ မြန်မြန်ဆန်ဆန်နဲ့သဘာဝတကျ ဖြစ်ပျက်သွားခဲ့တာ။ ကျနော့်ခါးပေါ်က အကို့လက်ကလေးကနေ ကျနော့်နှုက်ခမ်းပေါ် အကို့နှုက်ခမ်းထပ်တူကျလာတဲ့အထိ ဘာတွေဖြစ်ခဲ့မှန်း ဘယ်ကနေအစပြုခဲ့မှန်းတောင် သတိမရတော့ဘူး။ ကျနော်တို့ နှုက်ခမ်းတွေနွေးထွေးနေတယ် အကို့မျတ်လုံးတွေထဲမှာ ကျနော်ရှိတယ်၊ကျနော်တို့တွေ ထပ်တူကျနေတယ်။ လူဆိုတာ အနွေးဓာက်လိုတယ် အကိုရဲ့*။
(TN// ဒီဝတ္ထုရဲ့ P Mile POV ကို Book သက်သက်ခွဲမှာပါ အဲ့ကျရင် ဇာက်ကြောင်းပုံစံနဲ့ သွားမှာ။
ဒီမှာက ဇာက်ကောင် characterအဓိက စကားပြေပုံစံ
လေးကို တအားရေးချင်လို့ စမ်းကြည့်ထားတာပါ)* ပိုင်စိုးဝေရဲ့ ကဗျာစာသားကို ယူသုံးထားခြင်း။
YOU ARE READING
SNOW ON THE BEACH
Acakကမ်းခြေပေါ်က နှင်းစက်လေးတွေလိုပါပဲ အချိန်တန်ရင် ပင်လယ်ပြင်ဆီ ရောက်ရမယ်မှန်း သိရက်နဲ့ အစွမ်းကုန်ဖြူစင်ပေးခဲ့ရ