3.2

58 6 1
                                    

ကျနော်လိုချင်တာကို ဘယ်တုန်းကမှမရဖူးဘူး။ ဒါကြောင့်မို့ မလိုချင်အောင်ပဲနေတယ်။ မလိုအပ်ဖူးလို့လည်း ကိုယ့်ကိုယ်ကိုယ် နားသွင်းထားတယ်။ ဒါကို ဘိုင်ဘယ်က အလုပ်နဲအိပ်ဖို့ဖို့ပဲသိတယ့် မင်းဘဝကြီးက ပျင်းဖို့ကောင်းလိုက်တာ။ ဘယ်လိုလုပ်ရပါ့ ။ သူ ကျနော့်ကို
နားမလည်တာ အကိုရဲ့။ မလုပ်ချင်တာ မဟုက်ဘူး မလုပ်နိုင်တော့တာ။ ကျနော်အဲ့နေရာတွေနဲ့ အံ့မဝင်တော့မှာ ကြောက်တယ်။ ထူးဆန်းတာတွေပြောပြီး ဖျက်ဆီးမိမှာကြောက်တယ်။ အဲ့လိုနဲ့ ကျနော့်ကို ဘယ်လိုကောင်လည်းတွေးပြီး ဝိုင်းပစ်ပယ်မှာကြောက်တယ်။
တစ်ချိန်လုံး တစ်ယောက်တည်းပဲ နေခဲ့တာမို့ တစ်ယောက်တည်းလည်း အဆင်ပြေတယ်လို့ အော်ဟစ်နေပေမယ့် ကျနော် ကြောက်တယ်အကို ကျနော် အထီးကျန်ရမှာကြောက်တယ်။ တစ်ယောက်တည်း ဖြစ်နေမှာကို ကြောက်တယ်။ အနားမှာ ဘယ်သူမှ မရှိမှာ
သွားစရာနေရာမရှိမှာကို ကြောက်တယ်။

အကိုနဲ့တွေ့တော့ ဘယ်နေရာမှ အတိအကျမရောက်တဲ့ ကျနော့်စကားတွေကိုနားထောင်ပေးတယ်။
သီချင်းဆိုပြတယ်၊ ဟာသတွေပြောပြီး ရယ်ပြတယ်။
ကျနော့်ကိုယ်ကျနော် ငုံ့ကြည့်မိတော့ ရင်ဘက်ထဲ ပြည့်လာတာကိုတွေ့တယ်။ အကိုက မထင်မှတ်ထားချိန် မထင်မှတ်ထားတဲ့နေရာမှာ ရောက်လာတဲ့ ရေစက်လှလှလေးပေါ့။ ကျနော့်မယ် ပြင်ဆင်ချိန်တောင်မရလိုက်ဘူး။ ညဘက်အိပ်ခါနီးတိုင်း ရင်ဘက်ပေါ်တင်ပြီးအိပ်ရတယ် မတော်တဆ ကျပျောက်သွားမှာ လုယူခံရမှာ စိုးရတယ်။ နောက်တစ်ကြိမ် ဆိုတာ မတက်နိုင်ဘူးမလား။ ခြလေးတစ်ကောင် သူတောင်ပို့ ကိုကာကွယ်နေသလို ကျနော်လည်း ကျနော့်ရေစက်လေးကို သတိတကြီး  ထိန်းသိမ်းရပါတယ်။
"ပို မင်းပုံစံလေးက အရမ်းချစ်စရာကောင်းပါတယ်၊ ဒါပေမယ့် အလွန်အကြူးတွေဖြစ်နေတာမဟုက်ဘူးလား။
ကိုယ်က နှစ်ဖက်တစ်ယောက်ကိုတစ်ယောက် လေးစားတဲ့
ရင့်ကျက်တဲ့ ဆက်ဆံရေးမျိူးက ပိုအဆင်ပြေတယ်လို့ မင်းမထင်ဘူးလား''

အကိုနားမလည်နိုင်ပါဘူး။ အကိုငယ်ငယ်က တံခါးပိတ်ခံထား ခဲ့ရလို့  ခွေးတစ်ကောင်က ကိုယ့်ရဲ့သွေးသောက်ရဲဘော်မဖြစ်ခဲ့ဖူးဘူး၊ အိမ်လာတဲ့ဘယ်သူ့မှ တံခါးမဖွင့်ပေးနဲ့မှာထားလို့
တခါးမဖွင့်ပေးလို့ဆိုပြီး အဒေါ် တွေရဲ့ ကျိန်ဆဲသံကို နားမထောင်ခဲ့ရဖူးဘူး။ခွေးလေးထွက်ပြေးသွားလို့ မိုးရေထဲ
ပန်းခြုံအောက် သူပြန်လာချင်စိတ်ပေါ်လာသည်အထိ ထိုင်မစောင့်ခဲ့ရဖူးဘူး။ ချိုချဥ်တစ်လုံးကို ခွေးတစ်ကောင်နဲ့ မျှမစားဖူးဘူး။ ကိုယ့်အတွက်ဆိုရင်း အကြောင်းပြချက်မျိုးစုံနဲ့ နောက်တစ်ယောက်အတွက် ဖြစ်သွားခဲ့ရတာတွေကို ကြည့်မနေခဲ့ရဖူးဘူး။ ကျနော့် အပိုင်တွေကို လက်မှာကျစ်ကျစ်ပါအောင်ဆုပ်ထားမှ
ကျနော့်ခန္ဓကိုယ်နဲ့အုပ်ပြီး ကာကွယ်ထားမှ မဟုက်ရင် ဘာအကြာင်းပြချက်နဲ့ ဘယ်သူ့ဆီထပ်ရောက်သွားမလည်း
ကျနော်မသိဘူး။

''မင်းက ဒီနေ့မှာ မနေထိုင်ဘူး။အတိတ်မှာဖြစ်ဖြစ် ဖြစ်မလာသေးတဲ့အနာဂက်မှာဖြစ်ဖြစ် ရောက်နေလေ့ရှိတယ်။ အဲ့ဒါက မင်းကို မှေးမိန်ဖျော့တော့သွားစေတယ်။ ဆွဲဆောင်မှု့ မရှိစေဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု့လေးထားစမ်းပါ
အဲ့တာက မင်းကိုတောက်ပလာစေစိမ့်မယ်။ မင်းက ဘယ်သူမို့လို့လည်း အပိုနတ်ထဝင်းလေ။ လူတိုင်းဖြစ်ချင်တာတောင် ဖြစ်ခွင့်မရတဲ့ အပိုနက်ထဝင်းလေ။ မင်းမှာအရာအားလုံးရှိပြီးသား။ မင်းက တစ်ဖျင်ဖျက်တောက်ပနေပြီးသားပါ။ ဘာကိုမှ အတင်းလုပ်ယူနေစရာမလိုပါဘူး။ မင်းဆီမှာ ရှိပြီးသားပါ။
ကိုယ်က မတောင်းခင်က ပေးချင်နေသူမို့။ ဒါကြောင့်မို့
ပခုံးကိုဆန့် နှခမ်းလေးကိုပင့်တင်ပြီး တိုက်ခိုက်လိုက်စမ်းပါ
ကိုယ့်စစ်သားလေးရယ်''

မျတ်ရည်တွေက အလိုလိုစီးကျလာတယ်။ ဒီလိုပဲလား ဒီလိုပဲ အမြဲ​ဖြစ်နေတော့မှာလား။ ဒီတခါတော့ သေချာလောက်ပါရဲ့နော်။ ကျနော် အထီးကျန်ရတာကို မုန်းတယ် အကိုရဲ့ ခွေးတကောင်ကိုဖက်ပြီး အမေပြန်အလာစောင့်ခဲ့ရတဲ့ စောင့်ဆိုင်းရခြင်းတွေကိုလည်း
မုန်းတယ်။ အမှောင်ကိုမုန်းတယ် အဲ့တာကြောင့် အဖြူရောင် လီလီတွေကို အကြိုက်ဆုံးဖြစ်ခဲ့တာ။ ကျနော်တို့တွေ့တိုင်း ခရမ်းရောင် forgot me not ပန်းတွေကို ပေးနေတာ၊ ကော်ဖီကို ခွက်တစ်ဝက်ပဲဖျော်တာ၊ အိပ်ရင် ခြေထောက်တစ်ချောင်းကို အကို့ပေါ်တင်ထားတက်တာ
အလကားမဟုက်ဘူးအကိုရဲ့။ အလေ့အကျင့်တစ်ခုပျိုးထောင်းနေတာ။ ကျနော်မရှိတော့တာနဲ့ ပျောက်ကွယ်သွားမယ့်အလေ့အကျင့်လေးပေါ့။  လူဆိုတာ အီနားရှားရဲ့ ဟန်ချက်ပျက်သွားရင် မနေနိုင်တော့တဲ့ သတ္တဝါ မလား။ အကို့ဘဝထဲမှာ ကျနော့်ရဲ့ နေရာကို ပျိုးထောင်နေတာ။

SNOW ON THE BEACH Where stories live. Discover now