အဲ့နေ့က အဖြစ်အပျက်တွေက အမှန်တကယ်လား
ထင်ယောင်ထင်မှားပဲဖြစ်နေတာလား ပြန်ရောက်လာတဲ့မခွဲခြားနိုင်သေးဘူးရယ်။ အစစ်အမှန်ဖြစ်ဖို့
အရမ်းကိုပဲ လှပလွန်းနေတယ်မလား။ ကျနော် ငယ်ငယ်လေး
ထဲက လိုချင်တာကို တခါမှမရခဲ့ဖူးဘူး။ ကျနော်က တခုခု လိုချင်တယ်လို့ပြောလိုက်ရင် အမေက အကျိုးနဲ့အပြစ်တွေကို ခွဲခြမ်းစိတ်ဖြာပြလိမ့်မယ်။ ပြီးရင် အဲ့ဒါဝယ်မယ့်အစား ဒါကိုသာလုပ်လိုက်ရင် ရှေရှည်မှာဘယ်လို အကျိုးရှိမယ့် အကြောင်းပြောပြလိမ့်မယ်။ ဒါဆို အဲ့ကိစ္စက အဲ့မှာတင် တစ်ခန်းရပ်သွားရလိမ့်မယ်။ ဒါကြောင့် ကျနော် ငယ်ငယ်ကလေးထဲက ဘာကိုမှ မလိုချင်အောင်နေတယ်။ ဒီလိုမျိုးရှိတယ်မလား၊ အဲ့ပစ္စည်း အဲ့အရာဝတ္ထု အဲ့ဒီလူပုဂ္ဂိုလ်က မင်းအတွက်မလိုအပ်ပါဘူး တယောက်တည်းလည်း အဆင်ပြေပါတယ်လို့ မင်းကိုယ်မင်း
ထပ်ခါထပ်ခါ ပြောနေမယ် အဖန်တလဲလဲ ကိုယ့်ကိုယ်ကိုယ် ဦးနှောက်ပြန်ဆေးနေမယ်ဆိုရင် မင်းအဲ့အကြောင်းအရာကို တကယ်ယုံကြည်လာလိမ့်မယ်။ မင်းဟာ အမှန်တကယ်အဆင်ပြေနေကြောင်း ဘယ်အရာမှမရှိလည်း နေနိုင်ကြောင်း မပျော်ရွင်တာမျိုးမရှိကြောင်း တကယ်ထင်လာလိမ့်မယ်။ အဲ့လိုနဲ့ လစ်ဟာနေတဲ့ တနေရာရှိနေကြောင်းသိနေပေမယ့် မရှိသယောင်၊ အရာရာ အဆင်ပြေနေသယောင်နဲ့ ဘာမှမလိုအပ်သယောင် ကိုယ့်ကိုယ်ကိုယ်လိမ်ပြီးအသက်ရှင်နေလိမ့်မယ်။ တနေ့နေ့မှာ
မင်းကိုမင်းခြုံထားတဲ့ အပေါ်ယံအခွံလွှာကြီးကို စုက်ဖြဲပစ်မယ့် အဖြစ်အပျက် ဒါမှမဟုက် တစ်စုံတယောက် မင်းဆီရောက်မလာခင်ထိပေါ့။ အဲ့အချိန်ရောက်ရင်တော့
မင်းကြိုးစားတည်ဆောက်ထားသမျှ ဟန်ဆောင်ထားသမျှတွေဟာ တဘဝလုံးစာ ပြိုလဲကျသွားလိမ့်မယ်။ မင်းဟာ အဲ့လူကိုပဲ ဗဟိုပြုပြီး အသက်ရှင်သွားရတော့မယ်။ အကိုဟာ ကျနော့်အတွက်တော့
နောက်ဆုံးဆွဲချလိုက်တဲ့ သေနတ်မောင်းတံတချက်ပဲ။
အဲ့တချက်မှာတင် ကာရံထားသမျှ အကာအရံအားလုံးဟာ
ပြိုကျပျက်စီးသွားရပါတော့တယ်။ ကျနော်အကို့ကိုလိုအပ် တယ်။ နှင်းဆီပန်းတွေက မိုးကိုလိုအပ်သလို၊ ကဗျာဆရာက နာကျင်မှု့တွေလိုအပ်သလို ကျနော်အကို့ကိုလိုအပ်တယ်။
ဒါတွေက ဆောင်တွင်းအိပ်မက်တွေ အထီးကျန်လွန်းလို့ ဖြစ်လာရတဲ့ ထင်ယောင်ထင်မှားဖြစ်မှု့တွေဆိုရင်တောင်
ကျနော့်ကို မနှိုးလိုက်ပါနဲ့လား။ ကျနော် ဒီအိပ်မက်ကနေ မနှိုးထချင်လို့ပါ။ Shutter Island ထဲက လီယိုလိုပဲ
တကယ့်လက်တွေ့အမှန်တရားကြီးက ခါးသက်လွန်းလှတယ်
ကျနော်တည်ဆောက်ထားတဲ့ ကျနော့်ကမ္ဘာလေးမှာပဲ ကျနော် နေပါရစေ။
YOU ARE READING
SNOW ON THE BEACH
Randomကမ်းခြေပေါ်က နှင်းစက်လေးတွေလိုပါပဲ အချိန်တန်ရင် ပင်လယ်ပြင်ဆီ ရောက်ရမယ်မှန်း သိရက်နဲ့ အစွမ်းကုန်ဖြူစင်ပေးခဲ့ရ