ဒီနေ့အထိ ကျနော်အဖြေရှာမရသေးဘူး။ ဘာလို့ ကျနော်တို့ ဒီလိုဖြစ်သွားရတာလည်း။ ဘယ်လိုအကြောင်းကြောင်းက ဒီအခြေအနေထိ တွန်းပို့ခဲ့တာလည်း။ ကျနော် နားမလည်နိုင်ဘူး။ အနည်းဆုံးတော့ အကြောင်းပြချက်လေးပေးသွားပါ့လား။ နောက်ကျောကို ဓားနဲ့ထိုးမယ်ဆိုရင်လည်း အနည်းဆုံးတော့ ဘာကြောင့်လည်း သိခွင့်ရှိရမယ်မလား။
ကျနော့်ရဲ့ ရုပ်နဲ့ခန္ဓာကကွဲထွက်နေတယ်။ ရုပ်ကြီးက နယူးယောက်မှာ Bartendar လုပ်နေပြီး စိတ်ဝိညာဥ်ကတော့ အတိက်မှာနေထိုင်တယ်။ အမှတ်တရတွေက ပျားရည်သုက်ထားတဲ့ အသွားနှစ်ဖက်နဲ့ဓားတစ်လက်ပဲအကို။ ချိုတယ် တစ်ဆစ်ဆစ်နာကျင်ရတယ်။ တစ်စစီကွဲအက်နေပြီဖြစ်တဲ့ အတိတ်ရဲ့မှန်ကွဲစတွေကို တစ်စချည်းစီလိုက်ကောက်တယ်။ တနေ့ကို နည်းနည်းချင်းစီမျိုချတယ်။ အူတွေအသည်းတွေ အပိုင်းပိုင်းပြက်နေတဲ့အသံ တစ်စိမ့်စိမ့်ယိုစီးထွက်နေတဲ့ သွေးတွေရဲ့အသံ ကျနော်ကြားရတယ်။ ကျနော်ချစ်နိုင်သလောက် အကို့ကို အစွမ်းကုန်ချစ်ခဲ့လို့ထင်တယ်။ ခု ကျနော့်မှာ ဘာမှ မကျန်ခဲ့တော့ဘူး။ တစ်စစီပြိုကွဲပျက်စီးနေတဲ့ ဟောင်းလောင်းပေါက် ဂလောင်ဂလင်မြည်နေတဲ့ ခန္ဓာကိုယ်ကြီးကို
သယ်ပိုးရင်း နယူးယောက်ရဲ့ လမ်းတွေပေါ်လျှောက်နေဆဲပဲ။
ကျနော်က လမ်းလျှောက်နေတဲ့ မံမီရုပ်ကြီးပဲ အကို။ ဘာမှ မပါဘူး။မနတ်အိပ်ယာနိုးတိုင်း အကိုဆိုပြနေကျ The Beatles ရဲ့ Here Comes The Sun လေ။ ကျနော်မကြားရတော့ မိုးမလင်းသေးဘူးပဲ အမြဲထင်နေမိတာ။ John Lennon က ကောင်းပါတယ် ကျနော်လိုအပ်တာ ဟုက်မနေရုံပဲ။ ကျနော့်ရဲ့ ထောင့်ချိုးတိုင်းမှာ လစ်ဟာမှု့တွေနဲ့ပြည့်နေတယ်။ ဒီဟောင်းလောင်းပေါက်ကြီးက ဘာနဲ့ဖြည့်ဖြည့် မပြည့်နိုင်တော့ဘူးမလား။ ကြောက်တယ်။ ကျနော် တစ်ဘဝလုံး ဒီလိုနေထိုင်သွားရမှာကို ကြောက်တယ်။ ဘယ်သူ့ကိုမှ ထပ်မချစ်နိုင်တော့မှာ ဒီလိုပဲ အမြဲလစ်ဟာနေတော့မှာ တစ်ဘဝလုံး အထီးကျန်နေရတော့မှာ ဘယ်တော့မှ မမေ့နိုင်တော့မှာကို ကျနော်ကြောက်တယ်။
Kafka on the shore စာအုပ်ကို ဘေးနားချပြီး အမြဲအိပ်
နေတုန်းပဲ။ အကူအညီမဲ့နေတဲ့ ကယောင်ကတန်းလုပ်ရပ်တွေလို့
အကိုရယ်နေမှာ ကျနော်သိတယ်။ မင်းက မရနိုင်တော့တာတွေကိုပဲ
စွဲလန်းနေပြီး အမြဲကိုယ့်ကိုယ်ကိုယ် နာကျင်အောင်လုပ်နေတယ်လို့
အကိုပြောမှာ ကျနော်သိတယ်။ မတက်နိုင်ဘူးလေ ဒါက အစစ်အမှန် ကျနော်ပဲ။ စိတ်ခံစားမှု့ကိုပဲ ကျနော်က ကိုးကွယ်တယ်။
YOU ARE READING
SNOW ON THE BEACH
Randomကမ်းခြေပေါ်က နှင်းစက်လေးတွေလိုပါပဲ အချိန်တန်ရင် ပင်လယ်ပြင်ဆီ ရောက်ရမယ်မှန်း သိရက်နဲ့ အစွမ်းကုန်ဖြူစင်ပေးခဲ့ရ