သာမန်တနင်္ဂနွေနေ့လေးပါပဲ။ ကျွန်တော် အကို့ကို စတွေ့ခဲ့တာ။ တနင်္ဂနွေနေ့မှာ တနင်္ဂနွေသားကိုစတွေ့ခဲ့တယ် ဆိုရင်နည်းနည်းထူး ခြားသွားမလား။ ဒါမှမဟုက် အရာအားလုံးဆီကနေ ရှောင်ပြေးချင် နေတဲ့ တနင်္ဂနွေနေ့မှာ အကို့ကိုတွေခဲ့တယ်ဆိုရင်ရော ပိုထူးခြားသွား ပြီလား။ အဲ့နေ့က ကျွန်တော့်ရှေ့မှာ ငွေရှင်းဖို့အခက်တွေ့နေတဲ့ အကို့ပုံစံက အတော်လေးရယ်စရာကောင်းတယ်။ဘက်ငါးဆယ် တောင်မရှိဘူးလို့ မပြောချင်လို့ တင်းခံနေတဲ့မျတ်နှာလေးလေ။ ကျနော်ကျော်ပြီးရှင်းပေးလိုက်တော့ ကျနော့် နောက်ကနေ Line Pay acc ဇွက်လိုက်တောင်းနေတဲ့ ပုံစံက ခွေးပေါက်လေးလိုပဲ။ ကျနော်ပြန်ပြောလိုက်တော့ ဖြာကျနေတဲ့ နီယွန်မီးရောင်တွေအောက် မှာ နဖူးပေါ်ဝဲကျ တစ်ချောင်းတည်းသော ဆံချည်မျှင်လေးနဲ့ ခါးထောက်ပြီး ဟက်ဟက်ပက်ပက်ပြုံးလိုက်တဲ့ အကို့ပုံစံကလေ ဟုက်တယ်အဲ့အချိန်မှာပဲ ကျနော့်ဘဝရဲ့အချစ်ကို ရှာတွေ့သွားပြီလို့ ကျနော်နားလည်လိုက်မိတဲ့ အချိန်ပဲ။
Midnight in Parisရုပ်ရှင်ထဲကလို Time Slip ဖြစ်သွား ရင် ဘယ်ခေတ်ကိုသွားချင်လည်းလို့ အကိုကမေးတယ်။ ကျနော်တို့ စတွေ့ခဲ့တဲ့နေ့ကိုပဲ ပြန်သွားချင်တယ် အကို့လက်ကိုဆွဲပြီး တစ်မြို့
လုံးကို လမ်းပက်လျှောက်ချင်တယ်လို့ ပြောတော့ ပို မင်းကတော့ တကယ် ဒုက္ခပါပဲကွာတဲ့ တကယ်ပြောတာအကိုရဲ့ အဲ့နေ့က အကို့ကို
ကျနော် Flimထဲ ထည့်သိမ်းထားပြီး ကျနော်နဲ့မခွဲမခွာခေါ်သွားချင်
တယ်။ အဲ့နေ့က အကို့ရဲ့စကားသံတွေကို တိတ်ခွေထဲထည့်သိမ်းပြီး
အမြဲနားထောင်နေချင်တယ် အဲ့လိုစွဲလမ်းရတယ်။ကိုယ်လက်ထပ်တော့မယ်လို့ ပြောတဲ့နေ့က အကို့ကိုတော့ ကျနော်မုန်းတယ်။ အသေးစိတ်ကအစမှတ်မိနေတဲ့ ကိုယ့်ကိုယ်ကိုယ်
ပိုမုန်းတယ်။ နယူးယောက်ရဲ့ နှင်းတွေကိုမုန်းတယ်။ ကျနော် အကိုကို့လွမ်းတယ်.....
YOU ARE READING
SNOW ON THE BEACH
De Todoကမ်းခြေပေါ်က နှင်းစက်လေးတွေလိုပါပဲ အချိန်တန်ရင် ပင်လယ်ပြင်ဆီ ရောက်ရမယ်မှန်း သိရက်နဲ့ အစွမ်းကုန်ဖြူစင်ပေးခဲ့ရ