P_6 (Uni)

424 74 74
                                    

အခုတလော ကျွန်တော့်သခင်တစ်ယောက် ဂနာမငြိမ်ပါ။ ထိုင်မလိုလို၊ ထမလိုလို၊ လမ်းလျှောက်သလိုလိုနဲ့ နောက်ပြီး ရှမ်းကြီးတို့အိမ်ဘက်ကို ချောင်းချောင်းကြည့်နေတာ သုံးရက်မကတော့ဘူး။ ပြတင်းပေါက်ကနေချောင်းလိုက်၊ ခြံစည်းရိုးကြားကနေချောင်းလိုက်၊ နောက်ပြီး သူတို့အိမ်ရှေ့ကိုဖြတ်သွားပြီးချောင်းလိုက်နဲ့ဗျာ။ မျက်လုံးတွေကိုနောက်နေတာပဲ...

မတွေ့ရလို့ ချောင်းတာဆိုရင်လည်း ထားဗျာ... အခုဟာက မနက်ခင်းလည်းတွေ့၊ ညနေခင်းလည်း တွေ့နေရတဲ့ဟာကို... တော်ပြီပေါ့.. တစ်နေ့ကိုနှစ်ခါတွေ့ရရင်... အခုတော့မဟုတ်ဘူး... ပိုကိုပိုတယ် တကယ်ပဲ...

"တိုဘီ.. မင်း ရှမ်းကြီးနဲ့တွေ့ရရင် ပျော်လားဟင်"

အခန်းပြတင်းပေါက်ကနေ ရှမ်းကြီးတို့အိမ်ကို လှမ်းချောင်းရင်း ကျွန်တော့်သခင်က ကျွန်တော့်ကို မေးလာခြင်းဖြစ်တယ်။ ဒီတော့ ကျွန်တော်ကလည်း ပျော်တယ်ဆိုတဲ့အကြောင်းကို အသံပြန်ပြုလိုက်တယ်ဆိုရင်ပဲ ကျွန်တော့်သခင်ရုပ်က အတော်လေးအိုစာသွားတာကို တွေ့လိုက်ရတယ်။ နောက်တော့ မပျော်မရွှင်နဲ့ပဲ

"အေးပေါ့... ရှမ်းကြီးက ဒီလောက်တောင်ချောနေတဲ့ဟာကို မင်းလည်း သူနဲ့တွေ့ရတာကို ပျော်မှာပေါ့"

"....."

*ကျွန်တော်ပျော်တာက ကြက်အူချောင်းစားရလို့ပါသခင်ရယ်... အဲ့ဒီချောတာကြီးကြောင့် မဟုတ်ရပါဘူး*

"တိုဘီရယ်... မင်းကိုတော့ အားနာပေမဲ့ သူများနဲ့ညားတဲ့ ငါ့ရည်းစားမဟုတ်ဘဲ ငါနဲ့ညားတဲ့ သူများရည်းစားဖြစ်ရင်ကောင်းမယ်"

"!!"

"မဟုတ်လည်း အောင်သွယ်တော်နဲ့ညားကွာ"

ကျွန်တော်မေးချင်ပါတယ်... သခင် သူများရည်းစားကို ကြိုက်နေတာလားဆိုပြီးတော့ ... ဒါပေမဲ့ ကျွန်တော်မေးလည်း သခင်က နားလည်မှာမဟုတ်တာကြောင့် ဆိတ်ဆိတ်ပဲနေဖြစ်တယ်။ ဒီတော့ ကျွန်တော့်သခင်က ကျွန်တော့်ကို ခပ်ဆွေးဆွေးကြည့်ပြီး

"မင်း... ငါ့ကို မုန်းနေပြီလားတိုဘီ... sorry ပါကွာ... တကယ်တော့ ငါလည်း ဒီလိုမဖြစ်ချင်ပါဘူး... ဒါပေမဲ့ ရှမ်းကြီးက မဟားတရားကို ချစ်စရာကောင်းနေတာက ခက်တာပဲကွာ။ တစ်နေ့တစ်နေ့ သူက ပိုပိုချောလာတော့ မင်းကိုလည်းမပေးချင်တော့ဘူး"

ကျွန်တော့်သခင်က စိတ်မနှံ့ဘူးWhere stories live. Discover now