P_9 (Zawgyi)

104 3 0
                                    

"ညတုန်းက sorryပါတိုဘီ.. မင်းရှိတာကိုမေ့သွားလို့"

//အခုမှလာပြီး။ ညတုန်းကတော့ သူတို့ပဲကောင်းနေကြပြီး.. ဟွန့်//

စိတ်ဆိုးလို့ ကျွန်တော့်သခင်ကို ကျွန်တော်အဖက်မလုပ်ဘူး။ သို့ပေမဲ့ ကျွန်တော့်သခင်ကလည်း ကျွန်တော့်ကိုမချော့ပါဘူး။ ကျွန်တော့်ဘာသာ စိတ်ဆိုးချင်ဆိုး မဆိုးချင်နေ၊ သူက မျက်မှောင်ကြီးကုတ်ပြီး ကြည့်နေတာကလွဲရင် ဘာမှမလုပ်ဘူး။

နောက်တော့ ကျောင်းသွားမယ်ဆိုပြီး ထွက်သွားတာပဲ။ ညနေ ကျောင်းပြန်လာတော့ ဘေးမှာ ကျွန်တော့်သခင်နဲ့ရွယ်တူ လူငယ်တစ်ယောက်ပါလာတယ်။ ပါလာပေမဲ့ ကျွန်တော့်သခင်နဲ့ အခန်းထဲကိုပဲ တန်းဝင်သွားတာကြောင့် ဘာလာလုပ်တယ်ဆိုတာကိုတော့ ကျွန်တော်လည်းမသိဘူး။ ညနည်းနည်းမှောင်မှ အဲ့တစ်ယောက် ပြန်သွားတယ်။

အဲ့တစ်ယောက်ပြန်သွားပြီး ရှမ်းကြီးရောက်လာတယ်။ မနေ့ညက အတွေ့အကြုံကြောင့် ကျွန်တော်လည်း သခင့်အခန်းထဲကို မသွားဖြစ်ပါဘူး။ သူတို့ဘာသာသူတို့ လွတ်လွတ်လပ်လပ်နေကြပါစေဆိုပြီး ဒီအတိုင်းပဲလွှတ်ထားလိုက်တယ်။ ကျွန်တော်ရှိနေလည်း ဂရုစိုက်ကြတာမဟုတ်ပေမဲ့လည်းပေါ့။

ဒီလိုနဲ့ ည (၁)နာရီလောက်မှာတော့ ခြံတံခါးကို ဒေါကြီးမောကြီးနဲ့ တဒုန်းဒုန်းထုရင်း ဒေါသထွက်စွာနဲ့ ကျယ်လောင်စွာ အော်ပြောနေတဲ့ စကားသံကိုလည်း ကြားလာရတယ်။ ဘယ်အိမ်ကလဲ၊ ဘာပြောနေတာလဲကို သေချာအာရုံစိုက်ပြီး နားထောင်လိုက်တော့...

"တံခါးဖွင့်ပေးကြစမ်း... နင်တို့ ငါ့မြေးကိုခေါ်ထားတာ ငါသိတယ်နော်.. မဖွင့်ပေးရင် ဖြားယောင်းသွေးဆောင်မှုနဲ့ တရားစွဲမှာ"

ဘယ်အိမ်ကမှ မဟုတ်ပါဘူး။ ရှမ်းကြီးအဖွားဖြစ်သူ ကျွန်တော်တို့ခြံရှေ့မှာ လာအော်နေခြင်းပါ။ ဒီတော့ ဘယ်ပြောကောင်းမလဲ ခြံရှေ့မှာ လာအော်နေတာဖြစ်တဲ့အတွက် ကျွန်တော်လည်း အားကျိုးမာန်တက်ကိုဟောင်းထည့်လိုက်တာ .. မကြာဘူး၊ ကျွန်တော့်သခင်ရဲ့အမေရော၊ ကျွန်တော့်သခင်တို့ရော အကုန်လုံးနိုးလာကြပါရော။

ကျွန်တော့်သခင်က စိတ်မနှံ့ဘူးWhere stories live. Discover now