Welcomeတွက်အဝတ်စားဝယ်ရန် မေမီတို့သူငယ်ချင်းသုံးယောက် အတန်းလစ်ပီး Oceanလာကြတယ်
ထုံးစံအတိုင်း သုံးယောက်သား ငြင်းလိုက်ခုံလိုက်နဲ့ ဝယ်စရာရှိတာများဝယ်ပီး ဗိုက်ဆာလာ၍
ကြေးအိုးစားရန် အပေါ်ထပ်သို့တက်လာတယ်
ဆိုင်ထဲရောက်တော့ စိုင်းကပဲမေတို့အကြိုက်ကိုမှာပေးကာ ဝယ်လာတာများကိုပြန်ကြည့်ရင်း
မြတ်က
" စိုင်း နင်ECကိုချိန်နေတာလား"ဟုထမေးတော့"အင် ဆိုပါတော့" စိုင်းကဖြေပီးရှက်နေလေရဲ့
မေက
" အမလေး နဲနဲလောက်မူပါဦးလားစိုင်းရယ်
ဟားးးဟားးးဟားး"ဟုမေမီမှစတော့
စိုင်းကမမူနိုင်ပါဘူးဟူသော အကြည့်ဖြင့်ကြည့်ရင်း"မေမီ နင်ကြည့်ရတာလဲ ငါ့တီလေးနဲ့တွေ့ရင်
ရေခဲတုံးလိုလိုဘာလိုလိုနဲ့နော် မပြောချင်ဘူး
ဟွန့်""မဟုတ်ပါဘူးဟာ စိတ်ထင်လို့ပါဟ
ငါကဒီတိုင်းပဲသိလား"မြတ်မှ
" ထင်တာမဟုတ်ဘူး မေမီ ငါတို့ကမြင်နေတာ
မဟုတ်မှလွဲရော နင်"ဟုပြောရင်းစိုင်းကပါ
"ဟဲ့ ငါ့တီလေးကိုကိုနင်"
မေမီလဲမလိမ်ချင်တော့ပါ
" ငါလဲထင်တာပဲ စိုင်းရဲ့တီလေးကိုငါ"စိုင်းမှ
"အမလေးတော်သေးတာပေါ့"မြတ်က
" ဘာလဲဟ စိုင်းရအလန့်တကြား
နင်ကလဲနော်"" မဟုတ်ပါဘူးဟာ ငါကတီေလးကိုသူများကိုပေးရမှာကပ်စေးကုပ်နေတာ ဟီးး
ငါ့သူငယ်ချင်းေလးဆိုတော့ တော်သေးတာပေါ့ဟ"" အ့တာလဲ ဟုတ်တယ်နော်စိုင်း"
ဟုဆိုတာမြတ်ကပါ ထောက်ခံနေတော့တယ်"ငါလေ နင့်တီလေးကိုတကယ်ချစ်တာ"
"ဟဲ့ မေမီ နင့်အချစ်ကအပျိုကြီး စာရင်းဝင်တော့မယ်နော် မြန်မြန်ရအောင်လိုက်"
ဟုမြတ်ကပြောတော့" အဲ့အတွက်တော့မပူနဲ့ ငါ့မာအကွက်တွေရှိတယ်
နင်သာ ငါ့တီလေးရှေ့ရောက်ရင် အပေါက်ကြီးပိတ်ပီး ငုတ်တုပ်မေ့မနေနဲ့ ကြားလားမေမီ""ငါလဲမမေ့ချင်ပါဘူး ဒါမယ့်"
မြတ်မှ
" ဒါမယ့်တွေလုပ်မနေနဲ့ လုပ်စရာရှိတာလုပ်
လက်နှေးရင် ခွက်ဆေးနေရမယ် ကြားလား"
YOU ARE READING
မောင့်အိမ်သူသက်လျာ(Completed)
Romanceအမျိုးသမီးနှစ်ယောက်ရဲ့ချစ်ခြင်း (ပထမဆုံးရေးတဲ့ ficလေးမို့လိုအပ်ချက်လေးတွေ နားလည်ပေးပါဦးနော်)