မေမီအခန်းေအာင်းနေတာတစ်ပတ်တောင်ရှိနေပီ ထမင်းလဲဆင်းမစားသလို ဖွားကလွဲရင်ဘယ်သူ့ကိုမှအခန်းထဲအဝင်မခံပါ ဘာတွေဖြစ်သွားလဲမသိတဲ့ဖွားကိုပဲစကားပြောသည်
ပြတင်းပေါက်တွေလဲမဖွင့် မီးလဲမဖွင့်
အလင်းရောင်နဲ့လဲမထိတွေ့
မေမီခုထိမျှော်လင့်နေသေးတာ သူမမေမီ့နားပြန်လာမာကို မေမီ့ကိုရှင်းပြချက်တွေပေးမာကို
ဦးငယ်ကိုလဲအားနာရသည် မေမီကိုယ်တိုင်ကတတိယလူဖြစ်တေခဲ့တာမလား
တစ်နှစ်ကြီးများတောင် မေမီကိုချစ်ချင်ယောင်ဆောင်ခဲ့တယ် မေမီနှလုံးသားကိုကစားခဲ့တယ်
မေမီ သူမကိုမုန်းပစ်ချင်သည် မေ့ပစ်ချင်သည်
ခက်တာက မေမီသူမကိုမုန်းမရအောင်ချစ်ခဲ့တယ်တစ်ယောက်ထဲအတွေးများနေစဉ်
"ဒေါက် ဒေါက်
မေမီ ငါပါမြတ်လေ ငါခနဝင်ခဲ့လို့ရမလား
ခနပါပဲ နင့်မျက်နာလေးကြည့်ရုံတင်ပါနော်
မေမီ "မေမီတံခါးကိုကျောပေးကာထိုင်ချလိုက်သည်
"တံခါးခနဖွင့်ပါဦးမေမီရယ် ငါတောင်းပန်ပါတယ်နော် ငါနင့်ကိုစိတ်ပူလို့ပါ ငါတို့ကအချစ်ဆုံးသူငယ်ချင်းတွေဆို နင်ဘာပဲဖြစ်ဖြစ်နင့်ဘက်ပါငါတို့ရှိတယ် တံခါးလေးတော့ဖွင့်ပါဦးဟာ"
ပြောရင်းရှိုက်ငိုလာတဲ့မြတ်ကြောင့်မေမီစိတ်ပြောင်းသွားကာ တံခါးဖွင့်ပေးလိုက်ပီး
"မငိုပါနဲ့ နင်ငိုရင်မလှဘူး"
မေမီပြောလိုက်တော့ မြတ်ကမေမီကိုအတင်း
ဖက်ကာ ပိုတိုးပီးငိုနေတော့သည်
မေမီအခန်းတံခါးပြန်ပိန်လိုက်ပီး"တစ်ယောက်ထဲလားမြတ်"
"စိုင်းလဲပါတယ် သူကအောက်မာပဲစောင့်နေတယ်"
"ခေါ်လိုက်ပါ"
"နင် အဆင်ပြေရဲ့လား"
"အွန် ခေါ်လိုက်ပါ "
စိုင်းရောက်လာပီး
"မေမီ နင်ပိန်သွားလိုက်တာဟာ အစားပုံမှန်မစားဘူးလား"
မြတ်ကလဲ
"မျက်နာလေးကိုချောင်သွားလိုက်တာ နင်သိပ်နေနိုင်တယ် ငါတို့နေ့တိုင်းလာတာကိုအတွေ့မခံဘူး
နင် ငါတို့ကိုတကယ်မချစ်ဘူးလား"
YOU ARE READING
မောင့်အိမ်သူသက်လျာ(Completed)
Romanceအမျိုးသမီးနှစ်ယောက်ရဲ့ချစ်ခြင်း (ပထမဆုံးရေးတဲ့ ficလေးမို့လိုအပ်ချက်လေးတွေ နားလည်ပေးပါဦးနော်)