သက်တို့လက်ထပ်ပီးနောက်နေ့တွင်"နန်းပင်ပန်းနေပီ အိမ်ပြန်ပီးနားလိုက်ပါဦးလား
ကို မေမီလေးကိုစောင့်ပေးပါ့မယ် မေမေလဲခနနေ
လိုက်လာမယ်ပြောတယ်""ရပါတယ် မောင်နိုးလာရင်ကျွန်မရှိနေမှဖြစ်မာမလို့ပါ"
"ကိုတကယ်တောင်းပန်ပါတယ်နော်နန်း
အရာအားလုံးကကို့ကြောင့်ဖြစ်တာမလို့
မေမီလေးနိုးလာရင်တောင် ကိုမျက်နာမပြရဲဘူး""မောင်ကရှင့်ကိုသိပ်ချစ်တာပါ သူခွင့်လွှတ်မာပါ"
"နန်းကကော"
"မောင်သာနိုးလာခဲ့ရင် ကျွန်မအားလုံးခွင့်လွှတ်နိုင်တယ် မတော်လို့များမောင်တစ်ခုခုဖြစ်သွားရင် ဘယ်သူ့ကိုမှကျွန်မခွင့်မလွှတ်ဘူး ကျွန်မကိုကျွန်မကော"
ပြောရင်းသက်ငိုေနမိသည် မောင်သာတစခခုခုဖြစ်သွားရင် သက်ရှင်သန်နိုင်မာမဟုတ်ဘူး
မောင်မရှိတဲ့ဘဝဆိုတာကြီးကို တွေးကြည့်ရုံနဲ့တင်သက်ကြောက်တယ်စကားဝိုင်းကပြန်တိတ်သွားပီး
ကိုနိုင်မျိုး မောင့်နားကပ်ကာ
"ဦးငယ်အမှားတွေတွက် တောင်းပန်ခွင့်လေးတော့ပေးမယ်မလား သမီးလေးကိုဦးငယ်တကယ်လွမ်းလှပီကွယ်"
တအောင့်နေတော့မောင့်ဖွားဖွားနဲ့အန်တီမြင့်တို့ရောက်လာသည်
"သမီးလေး ဘာစားပီးပီလဲ "
အန်တီမြင့်ကမေးတော့
"ခနနေစားမာပါ အန်တီမြင့်"
မောင့်ဖွားက
"မြေးလေးနိုးလာရင် သမီးလေးကိုကြည့်ပီးစိတ်မကောင်းဖြစ်နေမာပေါ့ သမီးလေးကအားရှိနေမှရမာပေါ့ ပီးတော့ခုဆို မြေးလေးကသမီးလေးရဲ့အိမ်သူဖြစ်နေပီလေ "
"နန်းတစ်ခုခုစားလိုက်ပါဦး နန်းအရမ်းပိန်သွားတယ် မေမီေလးတွေ့ရင်စိတ်မကောင်းဖြစ်နေလိမ့်မယ်"
မောင့်ဘေးကနေသက် ထသွားဖို့လုပ်တော့
သက်ရဲ့လက်ကိုတစ်ယောက်ယောက်ဆွဲထားလို့
သက်ပြန်ကြည့်လိုက်တော့ ဆေးပိုက်လေးသွယ်ထားတဲ့ မောင့်ရဲ့လက်ကလေးပင်
သက် ဝမ်းသာအားရနဲ့
YOU ARE READING
မောင့်အိမ်သူသက်လျာ(Completed)
Romanceအမျိုးသမီးနှစ်ယောက်ရဲ့ချစ်ခြင်း (ပထမဆုံးရေးတဲ့ ficလေးမို့လိုအပ်ချက်လေးတွေ နားလည်ပေးပါဦးနော်)