မဂ်လာပွဲလုပ်ပီးကတည်းက မေမီကဦးငယ်အလုပ်တွေကိုလေ့လာ ဖြစ်တယ်
အသက်အားကိုးရတဲ့အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ဖို့မေမီအစွမ်းကုန်ကြိုးစားခဲ့တယ်
မိန်းကလေးနှစ်ယောက်တည်ထောင်ထားတဲ့
အိမ်ထောင်ရေးဆိုပေမယ့် အသက်ကိုမျက်နာမငယ်အောင် ယောက်ျားလေးတွေနဲ့တန်းတူမေမီအလုပ်လုပ်ခဲ့တယ် တချို့ကတော့ချီးကျူးကြတာပေါ့ တချို့ကလဲပုတ်ခပ်ကြတာပေါ့
ဒါတွေကိုမေမီဂရုမစိုက်နိုင်ပါဘူး မေမီချစ်ရတဲ့သူတွေကို အေကာင်းဆုံးဆိုတာတွေပေးနိုင်ဖို့ဦးတည်ချက်တစ်ခုပဲရှိတယ်အခုဆိုမေမီကဦးငယ်ရဲ့အလုပ်တော်တော်များများကိုဦးဆောင်နိုင်နေပီ
ချစ်ရတဲ့အသက်ကလေးကလဲ ဘေးကနေအမြဲအားပေးတယ် မေမီစိတ်ဓာတ်ကျတိုင်း
အားပေးနှစ်သိမ့်တယ်
အသက်ကိုပိုင်ဆိုင်ခွင့်ရခဲ့တာဟာမေမီ့အတွက်တော့ကံအကောင်းဆုံးပဲ
သိပ်ချစ်ရပါတယ်အသက်ရယ်"မောင်"
"ပြောလေအသက်"
မေမီစာရင်းတွေပြန်စစ်ရင်း မေးငေါ့ပြရင်းပြန်ဖြေလိုက်တော့
"အလုပ်တွေလျှော့လုပ်ပါဦးမောင်ရယ် မောင့်အစားတို့ရင်မောလို့ နားပါဦး"
"ခနလေးပါအသက်ရဲ့ မောင်လက်စသတ်လိုက်ဦးမယ်နော်"
"ဟုတိပါပီရှင်"
မေမီလဲစစ်စရာရှိတာများစစ်ပီး
"အသက် မောင့်နာလာပါဦးကွာ မောင်မောနေပီ"
ပြောလိုက်အသက်ကမေမီ့ပေါင်ပေါ်လာထိုင်သည်
"အသက် မောင့်ကိုနမ်းပါဦး"
"မွ__အသားတအားယူတာပဲနော်"
အသက်ခါးလေးကိုဖက်ပီး ပခုံးပေါ်မေးတင်ကာ
"အသက် "
"ရှင်"
"မောင်တို့ကလေးတစ်ယောင်လောက်မွေးစားရအောင်လားဟင်"
"အွန်
တို့ကိုယ်တိုင်မွေးချင်တယ်မောင်
မောင့်ရဲ့သွေးသားကို တို့မွေးပေးချင်တယ်""မရပါဘူးအသက်ရယ် အသက်ပင်ပန်းတာမျိုးတွေမောင်မကြည့်ရက်ဘူး အသက်မွေးမာဆိုရင်မောင်မလိုချင်တော့ဘူး"
YOU ARE READING
မောင့်အိမ်သူသက်လျာ(Completed)
Romanceအမျိုးသမီးနှစ်ယောက်ရဲ့ချစ်ခြင်း (ပထမဆုံးရေးတဲ့ ficလေးမို့လိုအပ်ချက်လေးတွေ နားလည်ပေးပါဦးနော်)