{3}

670 53 0
                                    


" ဗျာ!!!.... "

ဘာလား....ဒီအဖိုးကြီး ကျွန်တော်ကို လာစနေတာလား..။

" ခင်ဗျားတကယ်ပြောတာလား... "

" နတ်ကတိ...ငါလုံး၀ ညာမပြောဘူး.. "

အဖိုးကြီးကြည့်ရတာလဲ ညာနေပုံမပေါက်..။ ဒါဆို ကျွန်တော့်ကို ဒီလိုနေရာရောက်အောင် လုပ်ခဲ့တာက ဒီကိုယ်စောင့်နတ်ဆိုတဲ့ အဖိုးကြီးပေါ့..။

" ဒါဆို ခင်ဗျားကျွန်တော့်ကို ကျွန်တော်နေတဲ့ခေတ်ဆီ ပြန်ပို့ပေးလေ... "

" မင်းကို ဒီကနေ ဟိုကိုပြန်ပို့ပေးချင်တာ တစ်ပိုင်းကိုသေနေတာပဲ...ပြန်ပို့ပေးလို့မရလို့သာ ငြိမ်နေတာ.. "

အဲ့ကိုယ်စောင့်နတ်အဖိုးကြီး စကားကဘာကြီးလဲ..။ ကျွန်တော်ကိုပြန်ပို့ပေးချင်နေပေမဲ့ ပို့ပေးလို့မရဘူးဆိုတာ ဘာကြောင့်လဲ..။

" ခင်ဗျားစကားကိုရှင်းအောင်ပြောစမ်းပါ... ဘာလို့ ကျွန်တော့်ကို ပြန်ပို့လို့မရတာလဲ.. "

ထို အဖိုးကြီးက မုတ်ဆိတ်မွှေးကို ပွတ်ဆွဲကာ...

" ငါကမင်းကိုယ်စောင့်နတ်လေ...မင်း မဂ်လာမဆောင်ချင်လို့ အရက်မူးပြီး စိတ်ညစ်နေတဲ့အချိန် မင်းအရင်ဘ၀က ကင်မ်ထယ်ယောင်းကလဲ ဒုက္ခနဲ့ကြုံတွေ့နေရတဲ့အချိန်ပဲ... မင်းအရက်မူးပြီး ကားတိုက်တဲ့အချိန်နဲ့ အရင်ဘ၀က ကင်မ်ထယ်ယောင်းလုပ်ကြံခံရတဲ့ အချိန်နှစ်ခု ကတိုက်ဆိုင်သွားတာကြောင့် အချိန်တွေမှားပြီး မင်းအရင်ဘ၀ကို ပြန်ရောက်ရှိလာခဲ့တာ... "

ဟမ်... အဲ့တာဆိုကျွန်တော်ရောက်နေတာက ကျွန်တော့်အရင်ဘ၀ပေါ့..။ နောက်ပြီးကျွန်တော်က အရက်မူးပြီးကားတိုက်မှုဖြစ်ခဲ့တာလား..။ အော် အခုမှပဲသိတော့တယ်..

" ဒါဆို ကျွန်တော်ရောက်နေတာက ကျွန်တော့်အရင်ဘ၀ပေါ့... ဒါဆို ကျွန်တော်အရင်ဘ၀က ၀ိညာဥ်ကကော ဟိုဘက်ခေတ်က ကျွန်တော့်ခန္ဓာကိုယ်ထဲရောက်နေတာလား.. "

" မဟုတ်ဘူး...မင်းအရင်ဘ၀က ၀ိညာဥ်က တစ်နေရာရာမှာ အေးချမ်းစွာရှိနေတယ်.. "

တော်ပါသေးရဲ့ ။ ကျွန်တော့်အရင်ဘ၀တုန်းက၀ိညာဥ်က ဟိုဘက်ခေတ်က ကျွန်တော့်ခန္ဓာကိုယ်ထဲ၀င်နေပြီး မဟုတ်က ဟုတ်ကတွေ လျှောက်လုပ်နေရင်ဒုက္ခဖြစ်အုန်းမယ်..။
ဒါနဲ့ ကျွန်တော်ကကော ကျွန်တော်နေတဲ့ခေတ်ဆီ ပြန်သွားရအုန်းမယ်လေ...

𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈 Where stories live. Discover now