လှပစွာ တောင်တန်းများဖြင့်ကာရံထားသော တောအုပ်ကြီးထဲတွင် စိမ်းလန်းဆိုပြေလှသော သစ်ပင်ပန်းပင်အများအပြား ပေါက်ရောက်လျက်ရှိသည်။
ပန်းပွင့်ကလေးများသည်လည်း အရောင်စုံလင်စွာ ဖူးပွင့်နေပြီး ပန်းပွင့်ကလေးများနှင့်အတူ လှပသော ထယ်ယောင်းဆိုသည့်ကောင်လေး၏ မျက်နှာမှာ မဲ့ရွဲ့ကာအလိုမကျသည့်အတိုင်း ဆူပုပ်နေလေသည်။" ဂျောင်ကု.....ကျွန်တော်ကဒီမှာရေချိုးရမှာလား.. "
ကျွန်တော်စိတ်မပါစွာ ဂျောင်ကုအားမေးလိုက်မိသည်။
" အင်းဟုတ်တယ်...ဒီမှာရေချိုးရမှာ "
ကျွန်တော်ကြက်သေသေ နေမိသည်။ အခုကျွန်တော်ရေချိုးရမယ့်နေရာက ရေစီးသိပ်မသန်တဲ့ ချောင်းငယ်လေးတစ်ခုမှာ ။ ချောင်ထဲမှာ ရေချိုးရမယ့်အတွက် ကျွန်တော်အဆင်ပြေချင်သော်လည်း အဓိကပြဿနာက ကျွန်တော်မှရေမကူးတတ်တာ...။
" ထယ်ယောင်း....ရေသွားချိုးလေ "
" ဟမ်...အော်အင်းပါ "
ဂျောင်ကုပြောမှ ကျွန်တော် ချောင်းရဲ့ဘေးနားကို သွားလိုက်သည်။ ကျွန်တော်လည်း ရေစပ်နားက ကျောက်တုံးတစ်ခုမှာထိုင်ပြီး အကျီချွတ်ဖို့လုပ်လိုက်ချိန် ဂျောင်ကုကိုကြည့်လိုက်တော့....... အဲ့တစ်ကောင့်သားက ကျွန်တော့်ကိုကြည့်နေတာ မျက်လုံးပြုတ်ကျမတတ်..။
ကျွန်တော်တောင် ဂျောင်ကုအကြည့်အောက်မှာ ကိုယ်၀န်ရသွားနိုင်ချေရှိတယ်။ ဘာတွေများ စိတ်၀င်စားပြီးကြည့်နေတာလဲ ကျွန်တော်လဲမသိ။ ကျွန်တော့်ရဲ့ sexy ကျတဲ့body လေးကိုငမ်းနေတာတော့မဟုတ်ဘူးမလား..။
" ရားးးဂျောင်ကု ကျွန်တော်အကျီချွတ်မလို့ အနောက်လှည့်နေပေးပါလား.. "" ယောကျာ်းလေးအချင်းချင်းပဲ ဘာမှမဖြစ်ပါဘူး.. "
ကျွန်တော်ပြောတာကိုမလုပ်ပဲ အရစ်ရှည်နေသော ဂျောင်ကုဆိုတဲ့ထိုလူ။ ယောကျာ်းလေးအချင်းချင်းဆိုပြီး ကြည့်နေတာ ကျွန်တော့်ကိုအကောင်လိုက် မျိုချတော့မယ်ပုံစံနဲ့... ပြောရင်းကြက်သိန်းတောင်ထမိတယ်။
" ဘာပဲဖြစ်ဖြစ်ဗျာ...လှည့်ဆိုလှည့်ပေါ့ လျှာကိုရှည်တယ် "
ကျွန်တော်ပြောလိုက်မှ အနောက်လှည့်သွားရှာတယ်။ ကျွန်တော်အကျီအမြန်ချွတ်ချင်သော်လည်း ရှေးခေတ်ကအကျီတွေဆိုတော့အထပ်ထပ်တွေနဲ့ တော်တော်နဲ့ချွတ်လို့မပြီး။
ခဏအကြာ ကျွန်တော်ကျောက်တုံးပေါ်မှာ အကျီတွေကိုထားခဲ့ပြီး ရေထဲသို့ဆင်းလာခဲ့လိုက်သည်။
YOU ARE READING
𝑴𝒚 𝒏𝒂𝒎𝒆 𝒊𝒔 𝒌𝒊𝒎 𝒕𝒂𝒆𝒉𝒚𝒖𝒏𝒈
FanfictionKim Taehyung ဆိုတဲ့ဂနာမငြိမ်စွာတေးလန်တစ်ယောက် မိဘတွေရဲ့သဘောတူညီမှုတစ်ခုကြောင့် သူတစ်ခါမှမမြင်ဘူးတဲ့ လူတစ်ယောက်နဲ့လက်ထပ်ဖို့ ဖြစ်လာခဲ့ပါတယ်။ လက်ထပ်မယ့်နေ့မှာပဲ Taehyungတစ်ယောက် ကြေကွဲကာ သူမသောက်နိုင်တဲ့ အရက်တွေသောက်ပြီး လမ်းဖြတ်ကူးရာမှ "အုန်း" ကနဲဆို...